❄️4❄️

1.1K 115 3
                                    

2028

❄️Part 4 ❄️

"ရိပေါ်...ကောဝင်ခဲ့မယ်နော်..."

ချမထားတဲ့ တံခါးလော့ကြောင့် တန်းဖွင့်ပြီးပဲ ဝင်လာလိုက်သည်...ရိပေါ်ကတော့ အိပ်ရာပေါ်က စောင်ပုံတွေအောက်မှာ...

"ရိပေါ်...ဘာမှမစားထားလို့ နွားနို့လေးဖြစ်ဖြစ်သောက်လိုက်နော်..."

".........."

အဖြေပြန်မလာတာမို့ စောင်ပုံကြားက ရိပေါ်ကို လှုပ်နှိုးလိုက်သည်...

"ရိပေါ်..."

"ချမ်းတယ်...အေးလိုက်တာ..."

"ရိပေါ်...!"

"အင်း..ဟင်း..."

ပူကျစ်နေတဲ့ ခန္ဓာကိုယ်က မီးခဲတစ်ခုသဖွယ်...

"ရိပေါ်...အဖျားကြီးနေတာပဲ.... ကောရေဝတ်တိုက်ပေးမယ်နော်...ခန..."

ရှောင်းကျန့်တစ်ယောက် အောက်ထပ်ကို အမြန်ဆင်းပြီး လိုအပ်တာတွေယူကာ ရိပေါ်ကို ရေပတ်တိုက်ပေးရသည်...ဒါတောင် အပူကကျမသွား...ရေပတ်တင်လိုက်တိုင်းလည်း ချမ်းလို့တုန်တက်နေသည်...ရေလဲလိုက် တိုက်ပေးလိုက်လုပ်နေတာ ၁နာရီလောက်ကြာသွားတော့မှ အပူနည်းနည်းကျသွားသည်...

ရုတ်တရက်ဆိုသလို ရှောင်းကျန့်ရဲ့ လက်ကလေးတွေကို ရပ်တန့်သွားစေတဲ့ စကားတစ်ခွန်း...

"ကော...ကျွန်တော့်ကို မထားခဲ့ပါနဲ့..."

"ရိပေါ်..."

"အေးတယ်...အရမ်းအေးတာပဲ..."

"ကောရှိတယ်နော်...ရိပေါ်ဘေးမှာ ကောရှိတာမို့ ဘာမှမဖြစ်တော့ဘူး..."

"ကော...ကော..."

နေမကောင်းလို့ ရဲတက်နေတဲ့ ပါးဖောင်းဖောင်းလေးတွေ...ရှောင်းကျန့်တယုတယပဲကိုင်ကြည့်လိုက်မိသည်...

"ကောမရှိခဲ့တဲ့အချိန်တွေတုန်းက အရမ်းခက်ခဲခဲ့ရမှာပဲ ဝမ်လေးရယ်..."

ပူနွေးနွေးကျဆင်းလာခဲ့တဲ့ မျက်ရည်တွေက နှလုံးသားကနေ မြစ်ဖျားခံလာတယ်ဆိုတာကို ရှောင်းကျန့်တစ်ယောက် သိနိုင်ပါ့မလား...

❄️❄️❄️

ရိပေါ်နိုးလာတော့ ရှောင်းကျန့်က အေးစက်စက်ကြမ်းပြင်ထက်မှာ အိပ်ပျော်နေသည်...ဘေးကိုကြည့်လိုက်တော့လည်း ရေစိုဝတ်တွေရယ် ဇလုံတွေရယ်...ဒါဆို ညကဖျားခဲ့တာလား...လက်ကပတ်တီးဟာလည်း ဖြူဖွေးဖွေးအသစ်ဖြစ်လို့နေသည်...

2028 (Complete)Where stories live. Discover now