❄️1❄️

2.9K 214 0
                                    

2028

❄️Part 1❄️

"သခင်လေး...အဒေါ်ကြီးကို ခေါ်တယ်ဆိုလို့..."

"ဟုတ်တယ် ပြောရတာ စိတ်မကောင်းပေမဲ့ အဒေါ်ကြီးကျွန်တော့်အိမ်မှာ အလုပ်လုပ်ဖို့ မလိုတော့ဘူး...စိတ်မပူပါနဲ့ ကျွန်တော်အလုပ်ရှာထားပေးပြီးသားပါ...ကျွန်တော်ကလည်း ၃လစာပေးဉီးမှာမို့ အဒေါ်ကြီးအတွက် အရမ်းနစ်နာမယ် မထင်ပါဘူး..."

"ရပါတယ် သခင်လေးရယ်...ဒါနဲ့ ကျွန်မမရှိတော့ရင် အိမ်အလုပ်တွေအတွက် ဘယ်သူက လုပ်ပေးမှာလဲဟင်..."

"ရှိတယ်...သူဒီနေ့ရောက်လာမှာ..."

🌼🌼🌼

မေပယ်ရွက်တို့ရှိရာ ကနေဒါနိုင်ငံမှ ပျံသန်းလာသော လေယာဉ်ကြီးဟာ ပေကျင်းမြို့သို့ ဆိုက်ရောက်အံ့ဆဲဆဲ...လေယာဉ်ပေါ်မှာပါလာတဲ့ ရှောင်းကျန့်ဆိုတဲ့ ကောင်လေးဟာလည်း ရင်ခုန်မှုတွေ တပွေ့တပိုက်နဲ့ မွေးရပ်မြေရဲ့ အငွေ့အသက်ကို ခံစားနေမိသည်...သူ့အသက်၁၀နှစ်မှာ ဒီမြေကို စွန့်ခွာပြီး နိုင်ငံခြားကို ထွက်သွားခဲ့ရတာကြောင့် အခုဆိုရင် ဒီကိုမရောက်တာ ၁၆နှစ်တောင် ကြာနေခဲ့ပြီလေ...

"အရင်ကနဲ့ တော်တော်လေးကွာခြားသွားတာပဲ...သူရော...ရိပေါ်လေးကရော ငယ်ငယ်ကလို ပါးဖောင်းဖောင်းလေးနဲ့ပဲလား...ဟိုကိစ္စကို ရိပေါ်လေး သတိမရတော့ရင် သိပ်ကောင်းမှာပဲ..."

အတွေးထဲနစ်မျောနေတုန်း လေယာဉ်ဟာလည်း ပေကျင်းလေဆိပ်သို့ ဆိုက်ရောက်လာခဲ့သည်...

လေယာဉ်ဆင်းတော့လည်း လာကြိုနေမလားဆိုတဲ့ စိတ်ကလေးနဲ့ ရှောင်းကျန့်တစ်ယောက် နာမည်ကဒ်လေးတွေ လိုက်ဖတ်ရတာ အမော...ရှာမတွေ့တဲ့ နာမည်ကဒ်လေးကြောင့် ဝမ်းနည်းစိတ်ကလေးက မသိမသာ ဖြတ်ပြေးသွားမိသည်...

"ရိပေါ်က ကောလာမယ်ဆိုတာ မသိဘူးထင်တယ်...ရပါတယ် တက္ကစီပဲ ငှားသွားတော့မယ်..."

ဒီလိုနဲ့ ရှောင်းကျန့်တစ်ယောက် တက္ကစီငှားပြီး ရှောင်းအိမ်တော်ကို လာခဲ့လိုက်သည်...

အရင်တစ်ချိန် အဖွားရှိခဲ့တုန်းက ပျော်စရာအိမ်တော်လေးက အခုလောက်ဆို ခြောက်ကပ်နေမလား...မိဘမေတ္တာမရှိတဲ့ ကျွန်တော့်ဘဝထဲကို အဖွားကပဲ နွေးထွေးမှုတွေ ပေးခဲ့တယ်...နောက်တော့ ကျွန်တော့်မှာ တွယ်တာစရာတစ်ခု ထပ်ရှိလာခဲ့တယ်...သူ့နာမည်က ရိပေါ်...မိဘမဲ့ဂေဟာကနေ အဖွားမွေးစားဖို့ ခေါ်လာတဲ့ ကောင်လေး...သူစစရောက်လာတုန်းကဆို ၃နှစ်သားလောက်ပဲ ရှိသေးတာ...ပါးအိအိလေးတွေရယ် တုတ်ခဲနေတဲ့ လက်မောင်လေးတွေ ​ဖြူဖွေးနေတဲ့ ခြေထောက်ကလေးတွေ...အားလုံးဟာ ကိုက်ဆွဲချင်စရာအတိ...

2028 (Complete)Where stories live. Discover now