2028
❄️Part 8❄️
"ရိပေါ်...နာတယ်မို့လား..."
"အင်း ဒါပေမဲ့ ကောငိုနေတာကို မြင်တော့ ပိုပြီးနာတယ်..."
"ကောကို ဘာလို့မပြောပြခဲ့တာလဲ..."
"ကောစိတ်ညစ်နေမှာဆိုးလို့ပါ..."
"ရိပေါ်...ဆေးရုံ"
"ရှူး... ကောဒီနေ့ ကျွန်တော်နဲ့ အိပ်ပေးနော်...."
"အင်း..."
"ဟုတ်ပြီကွ အဲ့တာဆို ကောက ဒီမှာလာအိပ်..."
ပြောပြီး ခေါင်းအုံးတစ်လုံးကို ပြတင်းပေါက်ကနေ လွှင့်ပစ်လိုက်တဲ့ ရိပေါ်...
"အယ် ခေါင်းအုံးတစ်လုံးကို လွှင့်ပစ်လိုက်တော့ ကောက ဘယ်လိုအိပ်ရတော့မှာလဲ..."
"ခေါင်းအုံးထက်ပိုကောင်းတဲ့ ကျွန်တော့်လက်မောင်းရှိနေတာပဲကို..."
"လူလည်လေး...."
ရှောင်းကျန့်လည်း ရိပေါ်ရဲ့လက်မောင်းပေါ်မှာ အိပ်လိုက်တယ်...
"ကော...ဖက်ထားပေးနော်..."
"ရိပေါ်..."
"အင်း..."
"အရမ်းချစ်တယ်..."
"ကျွန်တော်က ကောထက်ပိုချစ်တယ်...အိပ်တော့နော် မနက်ကြရင် ကျွန်တော်နဲ့အတူတူ သွားစရာနေရာတွေရှိသေးတာမို့..."
"အင်း..."
ရှောင်းကျန့်ရဲ့ ညလေးဟာ နွေးထွေးနေသလို ရိပေါ်ရဲ့ ညလေးဟာလည်း အထီးကျန်ဆန်မနေတော့ပါဘူးတဲ့...ဒါပေမဲ့ ဒီလိုအချိန်တွေက ဘယ်လောက်ထိပဲ ကြာမြင့်နိုင်တော့မယ်ဆိုတာ ဘုရားသခင်ကပဲ အဆုံးအဖြတ်ပေးနိုင်လိမ့်မယ်...
❄️❄️❄️
ရိပေါ်နဲ့ရှောင်းကျန့်တို့ မနက်အစောကြီးထပြ လာခဲ့တဲ့နေရာလေးက ရိပေါ်ရဲ့ ငယ်ငယ်က အိမ်ကလေး...
"ကော...ဒါက ကျွန်တော်နဲ့ ကောကို ဆုံစည်းစေခဲ့တဲ့ နေရာလေး...ကောထွက်သွားပြီးကတည်းက ကျွန်တော်ဒီဂေဟာလေးကို တစ်နှစ်တစ်ခေါက်ရောက်ဖြစ်တယ်...ကနေဒါမှာ ရောက်နေခဲ့တဲ့ ၃နှစ်ကလွဲပြီးပေါ့ အဖွားကလည်း ဒီဂေဟာလေးအတွက် အမြဲတမ်းထောက်ပံ့ပေးနေကြ...ကျွန်တော့်ရဲ့ မွေးနေ့တွေကို ဒီမှာပဲ အမြဲဖြတ်သန်းခဲ့တာ..."