အဲ့ဒီအပြင် ဖြေခဲ့သမျှကို အဖြေပြန်တိုက်နေကြတဲ့ လူတစ်စုလည်းရှိသလို ဘာကိုမှမတွေးတော့ပဲ လျှောက်လည်ဖို့သာ တိုင်ပင်နေကြတဲ့လူတစ်စုလည်းရှိတယ်။
Donghyuck တို့ လေးယောက်လည်း စာမေးပွဲအခန်းထဲကထွက်တည်းက မေးခွန်းစာရွက်တွေကို ပြန်မကြည့်ကြတော့ပဲ လျှောက်လည်ကြဖို့သာ တာဆူနေကြတယ်။
စာမေးပွဲကာလပတ်လုံး စာပဲအသေလုပ်ခဲ့ကြရသည်မဟုတ်ပါလား။
ဒါကြောင့် အခုတော့ သူတို့စိတ်ထဲမှာ စိတ်လွတ်လက်လွတ်ပျော်ပါးလိုက်ဖို့သာ တွေးနေမိကြတယ်။
သူကတော့ တစ်ဦးတည်းသောသူကို လိုက်ရှာနေမိပေမယ့် မနက်တည်းက တစ်ခါပဲမြင်ရပြီး အခုထိမတွေ့သေးတာဖြစ်သည်။
မနက်ကလည်း သူ့ဆီကိုလာလို့သာတွေ့ရတာပေါ့။
သူအခုထိ မသောက်ရသေးတဲ့ နွားနို့ဗူးလေးအပေါ်မှာတော့ အပြာနုရောင်စာရွက်လေးနဲ့ " Donghyuck Fighting ! " လို့ ရေးထားလေသည်။
နွားနို့ဗူးကိုကိုင်ရင်း ပြုံးမိနေသလို ထပ်ပြီးမတွေ့ရတော့ဘူးလို့ တွေးမိတော့လည်း ၀မ်းနည်းရပြန်ပါသည်။
ဘာဖြစ်ဖြစ် ထိုလူက ပိုင်ရှင်ရှိတဲ့သူပဲ မဟုတ်ပါလား။
အဲ့တာကြောင့် သူက သေချာပေါက်ကို လက်လျော့လိုက်ရတော့မှာပဲ။
" Donghyuck ဘာလို့ မှိုင်နေတာတုန်း
စာမေးပွဲအခုမှပြီးတာကို ပျော်ပျော်နေစမ်းပါ " - Jeno
" မင်းလူနဲ့မတွေ့ရတော့ဘူးလို့ တွေးမိနေလို့လား
ဘာဖြစ်လို့လဲ ဖုန်းနံပါတ်ရှိတယ်မဟုတ်လား ပြီးတော့ ရင်းနှီးနေတာပဲကို " - Renjun
သူငယ်ချင်းကတော့ သူငယ်ချင်းပါပဲ။
ပေါင်းလာတာကြာလေလေ သူဘာဖြစ်လဲဆိုတာ မပြောလည်း သိနေတဲ့ လူတွေပါပဲ။
" ငါ Hyung ကို မကြိုက်တော့ဘူး "
သူ့စကားအဆုံး ပြိုင်တူလှည့်ကြည့်လာတဲ့ သုံးယောက်
" ဘာလို့တုန်း ! " - Renjun
" ငါသိတဲ့ အီဒုန်ဟျောခ့်က အဲ့လောက်ထိ စိတ်ပြောင်းမလွယ်ဘူးနော် " - Jaemin
" မဟုတ်ဘူးကွ Hyung မှာ ရည်းစားရှိနေပါတယ်ဆို ~ "
အသံတိုးတိုးလေးနဲ့ပြောလာတဲ့ Donghyuck မျက်နှာက ငိုမဲ့မဲ့ .. ။
သူတို့ သူငယ်ချင်း မှိုင်နေတဲ့အကြောင်းကို အခုမှသိသွားတဲ့ သုံးယောက်ကတော့ ဘာပြောရမှန်းမသိလောက်အောင်ဖြစ်သွားရသည်။
ANDA SEDANG MEMBACA
• p r e m i è r e • [ Complete ]
CerpenMarkHyuck short story. This fiction is written by both unicode & zawgyi. [ p r e m i è r e ]
[ 4 ]
Mula dari awal
![• p r e m i è r e • [ Complete ]](https://img.wattpad.com/cover/278636097-64-k328890.jpg)