Donghyuck ကို စလို့လည်းဝရော မေမေက အနောက်ဘက်ကို ပြန်ဝင်သွားတယ်။ သူကတော့ ကောင်တာက စားပွဲပေါ်မှာ
ပါးဖောင်းဖောင်းလေးကို ဘေးတစောင်းအပ်ပြီး တစ်ဦးတည်းသောလေးကို လွမ်းနေတော့တယ်။

" ဟင့် ~ ကိုကို့ ကိုတွေ့ချင်တယ် "

* Bell Ring *

" ကြိုဆိုပါတယ် ~ "

ဆိုင်တံခါးဖွင့်သံကြားလို့ အမြန်ထရင်း နှုတ်ဆက်မိတော့ သူတွေ့မိလိုက်တာက အတွဲတစ်တွဲ။
အံ့သြစရာကောင်းတာက အဲ့ဒီအတွဲက ကောင်မလေးက
သူသိတဲ့သူ ဖြစ်နေတာပဲ။

ထိုကောင်မလေးက သူအားကျနေရတဲ့သူဖြစ်ပြီး သူမနာလိုနေမိတဲ့သူလည်းဖြစ်တယ်။
ဟုတ်တာပေါ့ သူ့ရဲ့ နှစ်ယောက်မရှိတဲ့ Mark ရဲ့ ရည်းစား ကောင်မလေးလေ။

ဒါပေမဲ့ ဘယ်လိုဖြစ်တာလဲမသိပေမယ့် ထိုကောင်မလေးက အခုတော့ Mark hyung မဟုတ်တဲ့ တခြားယောက်ျားတစ်ယောက်ရဲ့
လက်မောင်းတွေကြားမှာ ပြုံးပျော်လို့ .. ။

ထိုသူကတော့ သူ့ကို မမှတ်မိဘူးထင်ပါရဲ့ သူ့ဘေးက အမျိုးသားနဲ့အတူ ကိတ်ကို မှာသွားပြီး ဆိုင်အတွင်းထဲမှာ သွားထိုင်နေတော့တယ်။

" ဘာတွေဖြစ်သွားတာလဲ မဟုတ်မှ ပြတ်သွားတာလား "

ရင်ထဲ မျှော်လင့်ချက်ရောင်ခြည်လေးသန်းသွားပေမယ့် တစ်ဖက်ကလည်း မျက်မှောင်ကြုတ်မိပြန်တယ်။
တကယ်လို့ ဒီကောင်မလေးက Mark hyung နဲ့ လမ်းမခွဲသေးပဲနဲ့ တခြားတစ်ယောက်နဲ့ ထပ်တွဲနေတာဆိုရင်ရော ?

သူကတော့ တွေးကြည့်ရုံနဲ့ ဒေါသထွက်လာရတယ်။
Mark hyung သိရင် ဘယ်လောက် စိတ်ထိခိုက်သွားလိုက်မလဲ။

အစကတော့ သူက ထိုအမျိုးသမီးကို အားကျပြီး သူချစ်တဲ့သူကို ဂရုစိုက်ဖို့တောင် တောင်းဆိုလိုက်သေးပေမယ့် တကယ်သာ အဲ့လိုလုပ်ရပ်ကို လုပ်ခဲ့တယ် ဆိုရင်တော့ သူခွင့်လွှတ်မှာမဟုတ်ဘူး။
သူချစ်တဲ့သူကို နာကျင်အောင်လုပ်ခဲ့တယ်ဆိုရင် သူခွင့်လွှတ်ပေးမှာ မဟုတ်ဘူး။


_______


( Uni )

[ p r e m i è r e ]

နောက်ဆုံးတစ်ဘာသာဖြေပြီးသွားတဲ့အချိန်မှာတော့ အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားတွေဟာ လွတ်လပ်ခွင့်ရသွားပြီဖြစ်တယ်။
ထွက်လာမယ့် ရလဒ်ကိုကြိုမတွေးပဲနဲ့ စာမေးပွဲပြီးလို့ပျော်နေကြတဲ့ သူတွေလည်းရှိသလို မဖြေနိုင်ကြလို့ နှမြောတသနဲ့ငိုင်နေကြတဲ့ သူတွေလည်းရှိတယ်။

• p r e m i è r e • [ Complete ]Where stories live. Discover now