ဒီနေ့လည်း ကိုကို့ကိုလွမ်းတယ်။
ကိုကို့ ကို မတွေ့ရတာ ၁၅ရက်တောင်ရှိပြီ။
စာမေးပွဲကလည်း နောက်ဆုံးဘာသာ သိပ်မဖြေနိုင်ခဲ့ပေမယ့် သူအောင်မယ်ဆိုတာ သေချာပေါက်သိနေတယ်။
ဒါကြောင့် နောက်နှစ်ဆို သူက တက္ကသိုလ်တက်ရတော့မှာ
အဲ့ဒါဆိုရင် အထက်တန်းကျောင်းလေးမှာ စာဆက်သင်နေဦးမလား မသိတဲ့ သူချစ်တဲ့သူကို တွေ့ရတော့မှာ မဟုတ်ဘူး။
အဲ့လိုနဲ့ သူတို့နှစ်ယောက်က တဖြေးဖြေး ဝေးကွာသွားတော့မှာ။
ကြည့်ရတာ သူတို့နှစ်ယောက်က ခဏတာတွေ့ဆုံမှုပဲထင်ပါရဲ့။
" Huuu ~ "
" အီဒုန်ဟျောခ့် ကြောင့် ငါ့ဆိုင်တော့ လေထဲလွင့်သွားတော့မှာပဲဟေး "
အနောက်ဘက်ကနေ ကိတ်လုပ်ရင်း ထွက်လာတဲ့ မေမေက သူ့ကို ကြည့်ပြီး နောက်တယ်။
" လွမ်းနေရင်လည်း ဖုန်းလေးဘာလေးဆက်လေ
ဆိုင်ကောင်တာမှာ ထိုင်ပြီး မျက်နှာက မှိုင်နေတော့ ဈေးဝယ်သူတွေ မလာတော့ရင် ဘယ်လိုလုပ်မလဲ ဟမ် မေမေ ဈေးရောင်းမကောင်းရင်
ဒီသားကြီးကြောင့်နော် ~ "
ပြောရင်းဆိုရင်းနဲ့ မေမေက သူ့ပါးတစ်ဖက်ကို ဆွဲလာတယ်။
ကိတ်မုန့်လုပ်ရင်း ထွက်လာတဲ့ မေမေက လက်မှာ ဂျုံမှုန်တွေနဲ့ ဒါကြောင့် မေမေက သူ့ပါးကို ဆွဲလိုက်တော့ ဂျုံမှုန်ဖြူဖြူတွေက သူ့မျက်နှာမှာပါ ပေသွားရတယ်။
" အာ ~ မေမေရာ ပေကုန်ပြီဗျာ "
အရင်တည်းက သူ့ကို အလိုလိုက်ပေးတဲ့ မေမေက သူချစ်တဲ့သူကို သိနေလည်း ဘာမှမပြောလာခဲ့ပေ။
သူကတော့ ဒီကမ္ဘာပေါ်မှာ ဒီလို အမေမျိုးကို ရထားတာ အလွန် ကံကောင်းလှတယ်။
" ဖုန်းဆက်လည်း ကိုင်ချင်မှကိုင်မှာဗျ
အလုပ်ရှုပ်နေရင် ဘယ်လိုလုပ်မလဲ "
" အောင်မယ်လေး သိတတ်နေလိုက်တာများ
ငယ်ငယ်တုန်းကကြတော့ မေမေ က အလုပ်များနေလို့ ကျောင်းလာကြိုတာနောက်ကျရင် ဆူပုတ်နေတာ ဘယ်သူလဲ ဟမ်
ပြောပါဦး "
" အာ ~ မေမေရာ နာတယ် ပါးကိုကြီးဆွဲနေတော့တာပဲ "
ကျောင်းပိတ်တာမို့ ဘာမှလုပ်စရာသိပ်မရှိတဲ့ Donghyuck ကို မေမေက ထမင်းတွေရော သရေစာတွေရော တစ်နေ့ပြီးတစ်နေ့ လုပ်ကျွေးနေတာမို့ သူ့ပါးက တစ်နေ့တစ်ခြား ဖောင်းဖောင်းလာတယ်။
မှန်ထဲကြည့်ရင် Pooh ရုပ်ကြီးကို မြင်နေရသလိုပဲ။
ပြီးတော့လည်း သူ့ပါးကို တစ်ယောက်ပြီးတစ်ယောက် လာလာဆွဲနေကြတော့တာပဲ။
ŞİMDİ OKUDUĞUN
• p r e m i è r e • [ Complete ]
Kısa HikayeMarkHyuck short story. This fiction is written by both unicode & zawgyi. [ p r e m i è r e ]
[ 4 ]
En başından başla
![• p r e m i è r e • [ Complete ]](https://img.wattpad.com/cover/278636097-64-k328890.jpg)