" ဟုတ် "

Mark က ကားပေါ်ထိုင်နေဖို့ ပြောသွားပေမယ့် ကျန်ခဲ့တဲ့ Donghyuck ကတော့ အရှေ့မှာထိုင်ရမလို အနောက်မှာထိုင်ရမလိုနဲ့ ကားနားမှာ တစ်ယောက်တည်း ယောင်လည်လည်ဖြစ်နေတာ
Mark ပြန်လာတဲ့အထိပဲ။

" ဟော ~ ကားပေါ်ထိုင်နေပါဆို ဒီကလေးကတော့ .. "

" ဟို .. ဘယ်မှာထိုင်ရမလဲမသိတာနဲ့ .. "

" Donghyuck ကတော့ကွာ လာ အရှေ့မှာထိုင် "

ခေါင်းကဆံပင်တွေကို တစ်ချက်ဆွဲဖွသွားပြီး Mark က သူထိုင်ဖို့ ကားတံခါးဖွင့်ပေးလေတယ်။

နေပါဦး ဒါက ရိုမန့်တစ်ရုပ်ရှင်တွေထဲမြင်နေကြပုံလေ။
မင်းသမီးက ကားပေါ်တက်မယ့်အချိန် မင်းသားက ချစ်ရည်ရွှန်းလဲ့ နေတဲ့ မျက်ဝန်းတွေနဲ့ကြည့်ပြီး ကားတံခါးကို ဖွင့်ပေးလာတာမျိုး။

အဲ့ဒီနေ့ကတော့ သူကြည်နူးစွာနဲ့ပဲ အိမ်ပြန်ရောက်ခဲ့ပါသည်။
အိမ်ထဲဝင်တော့လည်း Mark hyung က လက်လှမ်းပြသေးတယ်။

ဟုတ်တယ် သူ့သူငယ်ချင်းတွေပြောသလိုပဲ။
ရည်းစားထားတာလေ လက်ထပ်ထားတာမှ မဟုတ်တာ။

အဲ့လိုဆိုပြီးတော့လည်း သူက သူများအတွဲကို ပြတ်ပါစေ ထိုင်ဆုတောင်းနေမှာမျိုးမဟုတ်ပေမယ့် တကယ်လို့ ပြတ်သွားရင်တော့လည်း သူဝမ်းသာမိမှာ အသေအချာပါပဲ။











ကျောင်းပိတ်နေတဲ့ ရက်တွေအတွင်းမှာ Donghyuck က သူ့မေမေရဲ့ Cake ဆိုင်လေးကို ၀င်ကူညီပေးတယ်။
Mark hyung နဲ့ကတော့ စာမေးပွဲပြီးတဲ့နေ့တည်းက မတွေ့တော့တာပဲ။

Donghyuck ကတော့ သူ့လက်က အနက်ရောင် bracelet လေးကို တသသကြည့်ရင်း ဒီနေ့အတွက် တတိယအကြိမ်မြောက် သက်ပြင်းကိုချလိုက်မိတယ်။

ဒီ Bracelet လေးက ကိုကို သူ့ကို ပေးတဲ့ ပထမဆုံးလက်ဆောင်လေး။
Donghyuck ကို အဲ့နေ့က အိမ်လိုက်ပို့ရင်းနဲ့ သူဝင်ခဲ့တဲ့ ဆိုင်မှာ ၀ယ်ခဲ့တာတဲ့။ Bracelet လေးက အမြဲဝတ်ထားရင် အဆောင်လေးလိုပဲတဲ့။ သူ့ကိုဝတ်ထားရင် အန္တရာယ်လည်း ကင်းပြီး ကံလည်းကောင်းစေတယ်တဲ့။

Donghyuck အတွက်တော့ ကံကောင်းစေတဲ့အဆောင်လေးက ကိုကို ကိုယ်တိုင်ပဲဆိုတာ ပြောချင်မိပါရဲ့။

• p r e m i è r e • [ Complete ]Where stories live. Discover now