" အာ .. ကလေးတို့ ဒီကိုဘာလာလုပ်ကြတာလဲ
အော် ကစားကွင်းလာကြတာလား "
Mark hyung က Donghyuck ကို တသီးတသန့်ပြုံးပြလာသေးတယ်။
" ဟုတ်ကဲ့ ဟီးဟီး "
" Sam ! ဒါပြီးရင် အိမ်ပြန်မှာလားဟင် "
" အင်း ဟုတ်တယ် အခု အိမ်ပြန်တော့မလို့လေ "
Renjun, Jeno နဲ့ Jaemin က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး Donghyuck ကို လက်ညှိုးထိုးပြကာ
" ဒါဆို Sam အပန်းမကြီးရင် Donghyuck ကို အိမ်ပြန်ပို့ပေးလို့ရမလားဟင်
ကျွန်တော်တို့က တစ်လမ်း Donghyuck က တစ်လမ်းဖြစ်နေတာ
မိုးကလည်း ချုပ်နေတော့ သူတစ်ယောက်တည်း ပြန်ရမှာ စိတ်မချဘူးရယ် "
" ဟုတ်တယ် ပြီးတော့ Donghyuck တို့လမ်းက တအားလူပြတ်တာ
Sam ရယ် ~ ဟိုတစ်ပတ်က သူတို့လမ်းထဲမှာ ဓားနဲ့ထိုးပြီး ပိုက်ဆံအိတ်လုသွားတာတဲ့လေ !! "
NaJaemin ရဲ့ သရုပ်ဆောင်ချက်တွေရယ်
HuangRenjun ရဲ့ ဒိုင်ယာလော့ခ် တွေရယ်နဲ့ LeeJeno ရဲ့ ငိုမဲ့မဲ့ မျက်နှာရယ်ကို မြင်ပြီး Donghyuck ကတော့ ဘာပြောရမှန်းမသိတော့ဘူး။
နေပါဦး ဘယ်တုန်းက ငါတို့လမ်းထဲ ဓားထိုးပြီးလုယက်မှုက ဖြစ်သွားရတာတုန်း။
လူပြတ်တာမှန်ပေမယ့် တစ်လမ်းလုံးက လင်းထိန်နေတာ
CCTV တွေလည်း အပြည့် !
ပြီးတော့ သူ့အိမ်နဲ့ LeeJeno အိမ်က တစ်လမ်းပဲကွာတာလေ။
" တော်ကြာ Donghyuck တစ်ခုခုဖြစ်သွားရင် ကျွန်တော်တို့ ရင်ကျိုးရချည်ရဲ့ဗျာ "
* သုံးယောက်လုံး Donghyuck ကို ဖတ်ထားကြ *
LeeDonghyuck :
" ရတယ်လေ ကိုယ်လည်း Donghyuck အိမ်သိနေတာပဲ အပန်းမကြီးပါဘူး လိုက်ပို့ပေးလို့ရတယ် * ပြုံး * "
" မဟုတ်တာ ရပါတယ် Hyung ရဲ့
ကျွန်တော့်ဘာသာ တစ်ယောက်တည်းပြန်လို့ရ .. "
" ဒါဆို Donghyuck ကို သေချာအပ်ခဲ့ပါတယ်နော်
ကျွန်တော်တို့ သွားလိုက်ပါဦးမယ် ကျေးဇူးနော် Sam ! "
သူ့စကားမဆုံးသေးခင် အမြန်ဖြတ်ပြောပြီး သုံးယောက်သားက လှစ်ခနဲပျောက်သွားတော့တယ
" ကားပေါ်ထိုင်နေနော် Donghyuck ,
hyung ဒီမှာ ဝယ်စရာရှိသေးလို့ "
YOU ARE READING
• p r e m i è r e • [ Complete ]
Short StoryMarkHyuck short story. This fiction is written by both unicode & zawgyi. [ p r e m i è r e ]
[ 4 ]
Start from the beginning
![• p r e m i è r e • [ Complete ]](https://img.wattpad.com/cover/278636097-64-k328890.jpg)