ကစားကွင်းထဲမှာတော့ သူတို့လေးယောက်ရယ်။
ကလေးလေးတွေရယ်နဲ့ ကလေးလေးတွေရဲ့ မိဘတွေသာရှိတယ်။
အဲ့လိုနဲ့ လေးယောက်သား ကစားကွင်းထဲမှာရောင်းတဲ့
ရေခဲမုန့်တစ်ယောက်တစ်ခုစီကိုင်ပြီး ပြန်ထွက်လာခဲ့ကြတယ်။









နောက်ဆုံးတော့ သူတို့ပြောတဲ့ အစစ်အမှန်ကစားကွင်းဆိုတာကြီးကို
ရောက်လာပါပြီ။
ရောက်လာတည်းက တစ်ခုပြီးတစ်ခု လိုက်စီးရင်းနဲ့ လေးယောက်သားကတော့ အမှန်အကန်ကို ပျော်ရွှင်နေကြတယ်။

Donghyuck ကို ငါတို့ ပျော်အောင်လုပ်ပေးမယ် ဆိုပြီး ခေါ်လာတာ အဲ့ဒီသုံးယောက်ပေမယ့် ရောက်တည်းက Donghyuck ကို ဂရုမစိုက်အားပဲ သုံးယောက်သား သူတို့ဘာသာ ပျော်နေတော့တယ်။
အီဒုန်ဟျောခ့်လေးကတော့ ဟိုကဆွဲရင်ပါသွားလိုက် ဒီကဆွဲရင်ပါသွားလိုက်နဲ့ .. ။

ဒါပေမဲ့လည်း ဂိမ်းတွေဆော့လိုက် ရယ်လိုက်မောလိုက်နဲ့မို့ ဒုန်ဟျောခ့် တကယ်ကြီးကို ဘာမှမတွေးမိတော့ပဲ ပျော်နေတော့တယ်။

အခုလည်း နံရံပေါ်က ထောင်ထားတဲ့ စက္ကူတွေကို သေနတ်နဲ့လိုက်ပစ်ရင်း လေးယောက်သား ၀က်ဝံရုပ်အကြီးကြီးကို ရဖို့ပြိုင်နေကြတော့တယ်။

" ဟားဟားဟား ငါနိုင်တယ် ငါနိုင်တယ် "

ထုံးစံအတိုင်း ဂိမ်းမှာဆို အီဒုန်ဟျောခ့် က နံပါတ်တစ်ပဲ !
ဂိမ်းနိုင်လို့ရတဲ့ ၀က်ဝံရုပ်ကြီးကို လက်မှာပိုက်ပြီး ဒုန်ဟျောခ့်က ပြုံးပျော်လို့ .. ။

နေလည်းဝင်စပြုနေပြီမို့ လေးယောက်လုံး လျှောက်ဆော့နေတာရပ်ပြီး ပြန်ဖို့လုပ်ရတော့တယ်။

" ဟိုမှာ Mark hyung မလား "

" Hmm ? "

Renjun လက်ညှိုးထိုးရာကို ကြည့်တော့ ကားပေါ်ကဆင်းပြီး တစ်ခုခုဝယ်နေပုံရတဲ့ Mark hyung ကိုတွေ့ရတယ်။

" လာ လာ သွားကြမယ် Donghyuck ! "

သူဘာမှမတုန့်ပြန်နိုင်သေးခင်မှာပဲ သုံးယောက်လုံးက တွန်းကာ သူ့ကို Mark hyung ရှိတဲ့နေရာဆီ ဆွဲခေါ်သွားတော့တယ်။

" မင်္ဂလာပါ Sam ! "

RenNoMin ရဲ့ အသံကြောင့် ဆိုင်ထဲဝင်မလို့ပြင်နေတဲ့ Mark hyung က ချက်ချင်း သူတို့ကို မြင်သွားတယ်။

• p r e m i è r e • [ Complete ]Where stories live. Discover now