" ငါ Hyung ကို မကြိုက်တော့ဘူး "

သူ့စကားအဆုံး ပြိုင်တူလှည့်ကြည့်လာတဲ့ သုံးယောက်

" ဘာလို့တုန်း ! " - Renjun

" ငါသိတဲ့ အီဒုန်ဟျောခ့်က အဲ့လောက်ထိ စိတ်ပြောင်းမလွယ်ဘူးနော် " - Jaemin

" မဟုတ်ဘူးကွ Hyung မှာ ရည်းစားရှိနေပါတယ်ဆို ~ "

အသံတိုးတိုးလေးနဲ့ပြောလာတဲ့ Donghyuck မျက်နှာက ငိုမဲ့မဲ့ .. ။
သူတို့ သူငယ်ချင်း မှိုင်နေတဲ့အကြောင်းကို အခုမှသိသွားတဲ့ သုံးယောက်ကတော့ ဘာပြောရမှန်းမသိလောက်အောင်ဖြစ်သွားရသည်။

" ဘာဖြစ်လဲကွ ! ရည်းစားရှိတာ လက်ထပ်ပြီးတာမှမဟုတ်ပဲ "

အတော်တန်ကြာတော့ Jaemin က အားကြိုးမာန်တက်နဲ့ သူ့ကို ပြောလာတယ်။
Jaemin ပြောတာကြားတော့ ကျန်တဲ့နှစ်ယောက်ကလည်း ၀င်ပြောတော့တယ်။

" ဟုတ်တယ် စဉ်းစားကြည့်ကွာ Mark hyung လို လူမျိုးက အစတည်းက ရည်းစားရှိမှာတော့ အသေအချာပဲလေကွာ
မရှိမှ ထူးဆန်းနေမှာ ! " - Jeno

" လက်ထပ်လိုက်ရင်လည်း တစ်မျိုးပေါ့ လူပဲရည်းစာထားမှာပေါ့
ဖူးစာမပါရင်ပြတ်မှာပဲ ! အဲ့တာကို
မင်းက ဘာတွေအသည်းကွဲနေတာလဲ !! "

Renjun က အားမလိုအားမရနဲ့ အသံပါကျယ်လာတော့တယ်။
Donghyuck တော့ အသည်းကွဲလို့ သူငယ်ချင်းတွေဆီက အဆူခံနေရသလို ခံစားလိုက်ရတယ်။

အစကတော့ စာမေးပွဲပြီးရင် ကာရာအိုကေဆိုင်သွားပြီ ရင်မှာခံစား သွားလုပ်မလို့ပေမယ့် သူငယ်ချင်းတွေရဲ့ အားပေးမှုနဲ့ ကစားကွင်းရောက်သွားတော့တယ် :"(













ကလေး ကစားကွင်းရှေ့မှာ တန်းစီရပ်နေကြတဲ့ အထက်တန်းကျောင်းသား ကောင်လေး လေးယောက် .. ။

" နေပါဦး ငါတို့က ဒီကို ဘာလို့ရောက်လာတာတုန်း "

အတော်တန်ကြာ လေးယောက်သား ငူငူငိုင်ငိုင်ကြီးရပ်နေပြီးမှ Jeno ဆီက ထွက်လာတဲ့ စကားသံ ။

ဟုတ်တယ်။ သူတို့ ဒီကို ဘာလို့ရောက်လာကြတာလဲ။
အီဒုန်ဟျောခ့် အသည်းကွဲတာကို နှစ်သိမ့်ရင်းနဲ့ ကစားကွင်းဆိုပြီး ထွက်လာလိုက်ကြတာ အသက် ၁၀နှစ်အောက် ကလေးတွေဆော့တဲ့ ကစားကွင်းဖြစ်နေတယ်။

• p r e m i è r e • [ Complete ]Where stories live. Discover now