Chapter - 40 ( final )

Start from the beginning
                                    

" ကျွန်တော့ကြောင့်ပါ ရှောင်းပါပါး "

ရှောင်းပါပါးမေးလိုက်တာ ရှောင်းကျန့်ကိုဆိုပေမယ့် ကြားထဲက ပြန်ဖြေလာတာက ဝမ်ရိပေါ်ပါ။ ရှောင်းပါပါး မျက်ခုံးလေးပင့်သည်။ ဒီအိမ်မှာနေတာကြာလို့မှ သူ၏အမေရင်းဖြစ်သော လီလီကိုတောင် လိုအပ်မှ တစ်ခါတစ်လေ စကားပြောလာတဲ့ ဝမ်ရိပေါ်က အခု သူ့၏ ဒုတိယပါပါးဖြစ်တဲသူ့ကို စပြီး စကားပြောလာသည်လေ။ ဒါဟာ သားရှောင်းကြောင့်တဲ့လား ။ ထို့အတူ လီလီမှာလည်း ဝမ်ရိပေါ်ကို သေချာကြီး ကြည့်လာခဲ့သည်။ သူမစွန့်ပစ်ခဲ့တယ်ဆိုပြီး သူမကို မချစ်တော့တဲ့သား ၊ သူမနေချင်ပါဘူးဆိုတဲ့ သူမရဲ့ဒုတိယအမျိုးသားအိမ်ကို အပါခေါ်ခဲ့မိလို့ သိပ်စကားမပြောတော့တဲ့သား ၊ ဒီရှောင်းအိမ်တော်ရောက်မှ သားရှောင်းကျန်းမာရေးကိုတာဝန်ယူပြီး သားရှောင်းအတွက်ဆိုမှာသာ သူမတို့နဲ့ စကားပြောဖြစ်ခဲ့ကြသည့် ဝမ်ရိပေါ်သည် ယခု သားရှောင်းကြောင့်ပင် သူမ၏ ဒုတိယအမျိုးသားကို စကားပြောလာခဲ့ပြန်သည်။

ဝမ်ရိပေါ် စကားကြောင့် ဝမ်ရိပေါ်ကို ဆုတ်ကိုင်ထားသည့် ရှောင်းကျန့်လက်ကလေးသည် ပို၍ တင်းမာသွားခဲသည်။ ဒါကိုမြင်တဲ့ ရှောင်းပါပါးရော လီလီပါ သက်ပြင်းအသာချသည်။

" ကျွန်တော့ကြောင့် ကိုကို ဒီလိုတွေ ဆုံးဖြတ်ချက်မှားသွားရတာပါ ပါပါးနဲ့ လီလီ။ ကျွန်တော်သာ ကိုကို့အတွက် အရာရာ ဝင်မပါခဲ့ဘူးဆို ကိုကိုက ဒီလိုမှားယွင်းတဲ့ ရင်ခုန်မှုတွေဖြစ်လာမှာမဟုတ်ပဲ မမဝမ်ချင်းနဲ့ ပါပါးတို့ စီစဉ်ထားတဲ့အတိုင်းဖြစ်လာမှာပါ။ ဒါပေမယ့် ကျွန်တော်ဟာ ကိုကို့ဘဝမှာ အရာရာကိုဝင်ပါနေခဲ့ပြီး ကိုကို့ဘဝကို ဒီလို ကမှောက်ကမဖြစ်သွားအောင် လုပ်လိုက်မိတဲ့အတွက် အပြစ်တင်မယ်ဆိုရင်လည်း ကျွန်တော့ကိုတင်ပါ ရှောင်းပါပါး။ ဘယ်လိုပဲပြောပြော ကိုကို့မှာ အပြစ်မရှိလို့ပါ "

ဝမ်ရိပေါ်စကားကြောင့် ရှောင်းပါပါး ခေါင်းလေးခါသလို ရှောင်းကျန့်မှာလည်း ရိပေါ်ကိုကိုင်ထားတဲ့ လက်ကလေးမှာ တင်းမာသွားရသည်။

" ငယ် "

" ဟင့်အင့် ကိုကို ဝင်မပါနဲ့ ကျွန်တော်ပဲ တာဝန်ယူပါ့မယ် "

Love is Blind ( Completed  )Where stories live. Discover now