Soul Mate 58

149 25 11
                                    

Zawgyi #

လင်ချီမှာ သတိပြန်ရရခြင်း ၊ မိဖုရားလင်ချီ၏ အဆောင်ရှိရာသို့ထွက်လာပြီး သတိရလာမည့် အချိန်ကို ထိုင်စောင့်နေမိသည်။ မိမိတို့စီစဉ်ထားသည်မှာ တစ်မျိုးဖြစ်သော်လည်း မထင်မှတ်ထားသော လူတစ်စုကြောင့် လုပ်ကိုင်ရသည့် အစီအစဉ်များတစ်လွဲဖြစ်ရသည်။

" အ့....... "

" မိဖုရား .... အဆင်ပြေရဲ့လား..... "

လှဲနေရာမှ ထလာသော မိဖုရားကို ထိုင်ရအဆင်ပြေစေရန် ကျောနောက်ဘက်ကို ထိန်းကိုင်ကာ ဖေးမလိုက်သည်။

" လင်ချီ ဘယ်လိုဖြစ်ရတာလဲ စီစဉ်ခိုင်းထားတဲ့ လူတွေ မဟုတ်ပါလား "

" စိုးရွံ့မိပါတယ် လင်ချီ သေချာစီစဉ်ထားပေမဲ့ တခြားလုပ်ကြံသူတွေ ရောက်လာပုံရပါတယ် "

" စိတ်ပျက်ဖို့ကောင်းလိုက်တာ ၊ ဟို လီမြောင်ဟွာဆိုတဲ့ မိန်းမကို ဖြုတ်ချဖို့လုပ်တာ ဘာလို့ခုထက်ထိ အဆင်မပြေသေးရတာလဲ "

" သတိထားပါ မိဖုရား ဒေါသအရမ်းမထွက်ပါနဲ့ အခုမှ ဒဏ်ရာက သက်သာခါစ ရှိသေးတာ"

" ဘာ...ဒေါသမထွက်ပါနဲ့ ဟုတ်လား .... ဒီနိုင်ငံက ဂျိုဆွန်းနိုင်ငံလေ ...သူတို့လူမျိုး မိဖုရားကိုဘဲ မိဖုရားခေါင်တင်ဖို့ စီစဉ်နေတာ ငါမသိဘူးထင်နေလား ဟိုယောကျာ်းက အရှက်မရှိ ကြင်ယာတော် နေရာကိုယူထား ၊ အရှင့်အချစ်တွေ အကုန်သိမ်းပိုက်ထားလို့ ငါ ခက်ခက်ခဲခဲရှင်းထုတ်ထားရတာ အခု မိဖုရားခေါင်နေရာကိုလည်း ငါကလွယ်လွယ်လက်လျော့ရမှာလား မလျော့နိုင်ဘူး "

" ဒါပေမဲ့....မိဖုရားရယ် အခုဆို....အရှင်က မိဖုရားကို အများကြီး ဂရုစိုက်လာပါတယ် ... အစောလေးကမှ ပြန်သွားတာ သတိမေ့နေတဲ့ တချိန်လုံး စောင့်နေပေးခဲ့တာ ..... "

" အရှင် ငါ့ကို ဂရုစိုက်ပေးနေတာ ငါသိတယ် ...ဒါပေမဲ့ အရှင့်ကို အခြားလူတွေနဲ့ ခွဲဝေပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး အရှင့်ကို ငါတစ်ယောက်တည်း ပိုင်ဆိုင်စေရမယ် လာရှုပ်နေတဲ့သူတွေအကုန် ဖယ်ထုတ်ပစ်ရမှာဘဲ အမတ်ကြီး လီထယ်အွန်းတို့ဘက်က အရင်မင်းကြီးရဲ့မယ်တော်နဲ့ ဆက်သွယ်နေတာကို အမြန်ရှင်းထုတ်ပစ်ပါ လင်ချီ မကြာခင် မိဖုရားခေါင်ရွေးပွဲမတိုင်မီ ဒီကိစ္စတွေ ဖြေရှင်းပြီးတာ လိုချင်တယ် "

Empire's Soul MateWhere stories live. Discover now