ကြိမ်းမောင်းကာ ပြောဆိုပြီးနောက်တွင် ဆယ်ဟွန်းမှာ ညီလာခံ ခန်းမ မှ ပြန်လည်ထွက်ခွာလာလေသည်။

Xxxxxxxxxxx xxxxxxxxxxx xxxxxxxxxxx

အနောက်နန်းတော် မိဖုရား လီမြောင်ဟွာ နန်းဆောင်တွင်ဖြစ်သည်။

" အဖေ...ဒီကိစ္စက ဘယ်လိုဖြစ်ရတာလဲ စီစဉ်ထားတဲ့ အထဲမှာ ဒီလိုမဟုတ်ဖူးလေ "

မိဖုရား လီမြောင်ဟွာမှာ ဖခင်ဖြစ်သူ၏ ၀တ်ရုံကို ဆွဲခါလှုပ်ယမ်းကာ အပူတပြင်းပြောလေသည်။ ဈာပနပွဲတွင် လုပ်ကြံမှု အသေးစားတစ်ခု လုပ်ပြီး မိဖုရား မင်ယွီ၏ ကြင်ယာတော်ကို လုပ်ကြံမှုနှင့်အတူ အပစ်များကို ဖော်ထုတ်ရန် စီစဉ်ထားသော်လည်း တစ်လွဲဖြစ်လာသည့် အခြေအနေမို့ အမတ်ကြီး လီထယ်အွန်း ၊ မိဖုရားလီမြောင်ဟွာတို့မှာ စဉ်းစားရခက်ဖြစ်နေကြသည်။

" ကြည့်ရတာ အဖေတို့ အစီအစဉ်ထဲကို ၀င်ရှုပ်နေတဲ့ သူရှိနေပြီ မိဖုရားကြီးတို့ကလည်း စိတ်ချမယုံကြည်သင့်တော့ဘူး ဒါပေမဲ့ စိတ်ချ ဂျိုဆွန်းပြည်ရဲ့မိခင်က သမီး လီမြောင်ဟွာဘဲ ဖြစ်စေရမယ် "

အမတ်ကြီး လီထယ်အွန်းမှာ လက်သီးကို တင်းတင်းဆုပ်ထားကာ အံကြိတ်ထားပြီး ပြောလေသည်။

စာကြည့်ခန်းမထဲတွင် စောင့်နေသော ဆယ်ဟွန်းမှာ ချန်းယောလ်ကို တွေ့ရပါမှ အသက်ကို ၀၀ရှုနိုင်တော့သည်။

" ညီလေး ဆယ်ဟွန်း ....."

" အစ်ကိုတော် ပြန်ရောက်ပြီလား "

" အင်း မင်းထင်ထားတဲ့အတိုင်း အရမ်းကို ရှုပ်ထွေးနေပြီ ညီလေးရေ အခုလုပ်ကြံမှုကို ကြည့်ပုံအရတော့ ချောင်းနိုင်ငံမှာ ပုန်းနေတဲ့ မိဖုရားကြီးရဲ့လူတွေလက်ချက်ဘဲ တစ်ခါတည်းနဲ့ ဟန်နိုင်ငံ ၊ ဂျိုဆွန်းနိုင်ငံ ၊ ချောင်းနိုင်ငံရဲ့ သံတမန် ဆက်ဆံရေးကို ပျက်စေချင်တဲ့ ရည်ရွယ်ချက်ရှိပုံရတယ် အခု မင်ယွီရော ဘယ်လိုနေသေးလဲ "

" လောလောဆယ်သက်သာတယ်ဆိုပေမဲ့ အသက်အန္တရာယ်က လွတ်တယ် မလွတ်ဘူးဆိုတာကို အတပ်မပြောနိုင်သေးဘူးတဲ့ ယောက်ဖတော် ဘတ်ဟွန်းကတော့ အစွမ်းကုန်ကြိုးစားပေးထားတာဘဲ "

Empire's Soul MateWhere stories live. Discover now