အခု သူက စားရမှာလား မစားရဘူးလား။
" ဟားဟား စတာကိုကွာ ကြည့်ပါဦး ဖြစ်နေတဲ့ ရုပ်လေးက .. "
သူ့ဘာသာပြောပြီးသူ့ဘာသာရယ်ကာ Donghyuck ရဲ့ ခပ်ဖောင်းဖောင်းပါးတစ်ဖက်ကို လာဆွဲပြန်တယ်။
ဒီနေ့ သူကတော့ အထူးအဆန်းတွေကို ကြုံနေရတော့တာပါပဲ။
ဒီနေ့ သူ့ရဲ့ ခွက်ရှ်အစ်ကိုကြီးက သူ့ကို ရိုမန့်တစ်ဆန်တဲ့ Cafe ကို စာလုပ်ဖို့ခေါ်လာတယ်။ သူနဲ့တူတယ်ဆိုတဲ့ Teddy bear ပုံ Chocolate Cake နဲ့ Coffee ၀ယ်တိုက်တယ်။ သူ့ကို ချစ်စရာလေးလို့လည်း သွယ်ဝှိုက်ပြောသေးတယ်။ ပြီးတော့ အခု အသည်းယားတဲ့ပုံနဲ့ သူ့ပါးကို ဆွဲနေပြန်ပြီ။
ဒီနေ့ Mark hyung လူစားလဲသွားတာများလား။
Donghyuck ရဲ့ အတွေးတွေကို ရပ်တန့်သွားစေတာက ခပ်ကျယ်ကျယ်ကြားလိုက်ရတဲ့ သီချင်းသံတစ်ခု .. ။
If I was your boyfriend, I'd never let you go
I can take you places you ain't never been before
Baby take a chance or you'll never ever know ~
နေပါဦး အဲ့တာက ?
သူသတိထားမိလိုက်တာက ထိုအသံက Mark hyung အိတ်ကပ်ထဲကုဖုန်းက ထွက်လာတဲ့အသံ ။
" Hyung ဖုန်းခဏသွားပြောလိုက်ဦးမယ်နော် Donghyuck
စားနှင့်နေ ~ "
Mark hyung ကတော့ ဖုန်းကိုင်ကာ ဆိုင်ပြင်ကို ထွက်သွားပြီဖြစ်ပေမယ့် သူကတော့ အခုထိ ကြောင်တောင်တောင်လေး။
လွန်ခဲ့တဲ့ အပတ်က သူဆိုပြတုန်းကတောင် ကိုယ်က တခြား သီချင်းကို ပိုကြိုက်တာ ဆိုပြီး ပြောသွားတဲ့လူရဲ့ ဖုန်းအသံက ဒီသီချင်းအသံဖြစ်နေတယ် ?
သူသိလောက် အရင်က Mark hyung ရဲ့ ဖုန်းအသံက ရိုးရိုး ဖုန်းထဲမှာပါတဲ့အသံကြီးပါ။
ဘယ်လိုဖြစ်လို့ .. ?
သူရုတ်တရက်တွေးမိသွားတာ တစ်ခုရှိတယ်။
အဲ့တာက " What the .. Mark Hyung က ငါ့ကို ကြိတ်ကြိုက်နေတာများလား ! "
သူတွေးလို့မဆုံးသေးခင်မှာပဲ သူ့အမြင်တွေကို ဖမ်းစားသွားတဲ့ အဖြစ်အပျက်တစ်ခုက မျက်စိရှေ့မှာ .. ။
ကောင်မလေးတစ်ယောက်နဲ့ စကားပြောနေကာ ဆိုင်ကောင်တာက Cake တွေကို ရွေးပေးနေပုံရတဲ့ Mark hyung .. ။
ပြီးတော့ သူရွေးပေးတဲ့ ကိတ်ကို ကောင်မလေးကို ပေးလိုက်သေးတယ်။
YOU ARE READING
• p r e m i è r e • [ Complete ]
Short StoryMarkHyuck short story. This fiction is written by both unicode & zawgyi. [ p r e m i è r e ]
[ 3 ]
Start from the beginning
![• p r e m i è r e • [ Complete ]](https://img.wattpad.com/cover/278636097-64-k328890.jpg)