Donghyuck စိတ်ထဲ ကြိတ်တွေးလိုက်မိပါသေးတယ်။
သူတို့လည်း ဒိတ်လာလုပ်တဲ့ အတွဲတွေလိုပဲ ဆိုပြီးလေ။

" ကဲ စာအုပ်ထုတ် စာလုပ်ရမယ် "

ဒါပေမဲ့ သူ့ရဲ့အတွေးချိုချိုလေးကိုတော့ Mark ရဲ့ အဲ့ဒီအသံကြီးက ဖုံးလွှမ်းသွားပါတော့သည်။
ဘယ့်နှယ့် အခုမှရောက်တာလေ စကားလေးဘာလေးပြောပြီး ကော်ဖီလေးဘာလေး မှာရမှာမဟုတ်ဘူးလား။
ဘယ်လိုများ စာအရင်လုပ်ဖို့ပြောရက်နိုင်ရတာလဲ။ ရက်စက်လိုက်တာ။

အပြင်မှာတော့ Donghyuck က ပြန်မပြောရဲရှာဘူး။
စာနဲ့ပတ်သတ်ရင် သူ့လူက တအား စိတ်ဆက်တတ်တာလေ။

ခဏကြာတော့ ထိုင်ခုံက ခဏဆိုပြီး ထသွားကာ
ပြန်လာတော့ လက်ထဲ ချောကလက်ကိတ်ရယ် ကော်ဖီတစ်ခွက်ရယ် ပါလာသည်။

" ရော့ Donghyuck အတွက် စားပြီးမှစာဆက်လုပ် "

ယူလာတဲ့ မုန့်ဗန်းကို ချပေးကာ သူ့ကို ပြုံးကြည့်ပြီးပြောလာတဲ့သူ။
Mark အဲ့လိုပြုံးလိုက်တိုင်း သူ့မျက်လုံးထဲမှာတော့ အရမ်းတွေ ဘလင်းဘလင်းပါပဲ။

ချောကလက်ကိတ်ကို Donghyuck က ဖဲ့စားဖို့ပြင်တော့ သူ့လက်ကိုလှမ်းတားတဲ့လက်တစ်ဖက်။

" အိုးဟိုး ဒီချစ်စရာ teddy bear လေးကို ခေါင်းကနေ နှစ်ခြမ်းခွဲစားတော့မလို့လား Donghyuck က တကယ် ရက်စက်တာပဲကွာ "

Donghyuck ကတော့ အခုမှ ကိတ်ကို သေချာကြည့်မိတာပါ။
သူကအစားတွေ့ရင် အရင်စားဖို့ပဲတွေးတယ်လေ။ :"(

Chocolate Cake လေးက အပေါ်မှာ တယ်ဒီဝက်ဝံခေါင်းလေးပါပြီး ဘေးနားမှာလည်း ချောကလက်အလုံးလေးတွေတန်းစီထားသည်။

" ဒါလေးက Donghyuck နဲ့ တူလို့ ရွေးလာတာ ချစ်စရာလေးမလား "

တစ်ယောက်ယောက်ပြောကြပါဦး။ ဒါက သူ့ကို ချစ်စရာလေးလို့
ဝင်္ကဝုတ္တိအလင်္ကာနဲ့ပြောလိုက်တာများလား။

" ကိုယ်က Donghyuck နဲ့ တူလို့ ရွေးလာတာကို Donghyuck က သေချာတောင်မကြည့်ပဲ ရက်ရက်စက်စက်ခေါင်းကနေစဖဲ့စားတော့မှာပေါ့ တကယ် ရက်စက်လိုက်တာ ~ "

Donghyuck ရဲ့ ဇွန်းလေးကို ကိုင်ထားတဲ့ လက်တစ်ဖက်က လေထဲမှာရပ်တန့်လို့ .. ။

• p r e m i è r e • [ Complete ]Where stories live. Discover now