ပြုံး၍သာပြောနေပေမဲ့ မျက်ဝန်းတို့ကခံစားချက္မဲ့နေသည် ...။

" သခင်လေး ~~ "

" အော် ဝူယောင်းနဲ့အိမ်တော်ထိန်းအွန်း ရောက်လာကြပြီလား "

" Nae "

ဝူယောင်းနဲ့အိမ်တော်ထိန်းအွန်းလဲ ထယ်ယောင်းဘေးနားထိုင်လိုက်သည် ...။

" သခင်လေး နားပါအုံးလား ကျနော်တို့စောင့်ပေးပါ့မယ် "

ဝူယောင်းကပြောလာသည် ...။

" ရပါတယ် အခုတော့ Toilet ခဏသွားလိုက်အုံးမယ် "

" ဟုတ်ကဲ့ သခင်လေး "

ဂျောင်ကုလဲ Toiletဘက်ကိုထွက်သွားလိုက်သည် ...။

မျက်ခွံတွေကဖွင့်ဖို့ လေးလံလွန်းလှတယ် တဆစ်ဆစ်ထိုးကိုက်နေတဲ့ခေါင်း၊ အခုသူ တစ်ကိုယ်လုံးကိုက်ခဲနေသည် ...။

မျက်လုံးတွေကို အားယူပြီးဖွင့်ကြည့်တော့ အရင်ဆုံးမြင်လိုက်ရတာက ဝူယောင်းရဲ့မျက်နှာ ...။

" သူဌေး ... သူဌေးလေး သတိရလာပြီ "

" သူဌေးလေး သတိရလာပြီပေါ့  "

အိမ်တော်ထိန်းအွန်းက ပြောလာသည် ...။

" ခဏ ဦးလေး ဒေါက်တာခေါ်လိုက်အုံးမယ် "

ပြောပြီးပြီးချင်း ဒေါက်တာခေါ်တဲ့ခလုပ်ကိုနှိပ်လိုက်‌သော အိမ်တော်ထိန်းအွန်း ...။

" ဝူယောင်း ဂျွန်ရော ~ "

သူအရင်ဆုံး တမ်းတမိတာက ဂျွန် ...။

သူအသံတွေကခပ်တိုးတိုးလေးသာ၊ အခုချိန်မှာ သူစကားပြောဖို့တောင်အင်အားမရှိ ...။

" သခင်လေးက ... "

ဂျောင်ကု ကိစ္စရှင်းပြီးတော့ ပြန်လာတော့ ကိုကို ... ကိုကို သတိရလာပြီ ...။

ဝူယောင်း စကားတောင်မဆုံးသေး ရောက်လာတဲ့ဂျောင်ကုကြောင့် ထိုနေရာကနေရှောင်ထွက်လာလိုက်သည် ...။

" ကိုကို ~ ဟင့် "

ပျော်လို့လား ဝမ်းနည်းလို့လား ဘာလို့မှန်းမသိ ကျလာတဲ့‌မျက်ရည်တွေ ...။

" မငိုနဲ့လေ ဂျွန် "

" ဟင့် ဟုတ် မငိုတော့ဘူးနော် အင့် "

🚨 I Never Hate You 🚨Where stories live. Discover now