" ကိုကို ကျနော့်ကိုချစ်တယ်ပြောပြီးအိပ်ပျော်သွားတယ်နော် ကျနော့်ကိုကျတော့ ချစ်ပါတယ်ဆိုတဲ့စကားတောင်ပြောခွင့်မပေးဘူး "
" မြန်မြန် သတိရလာေပးပါ ကိုကိုရယ်၊ ကိုကို သတိရလာရင် ကိုကို့ကိုကျနော်ဘယ်လောက်ချစ်ကြောင်းမြတ်နိုးကြောင်းတွေပြောပြမယ် "
ထယ်ယောင်းရဲ့အေးစက်စက်လက်တစ်စုံကို ကိုင်ပြီး တစ်ယောက်ထဲစကားပြောနေတဲ့ဂျောင်ကုက အရူးတစ်ယောက်လို ...။
ဟုတ်ပါတယ်၊ သူဟာ အရူးလိုပဲမလား ကိုကို့ရဲ့အချစ်တွေကိုမျက်ကွယ်ပြုပြီး ကိုယ်တစ်ယောက်ထဲချစ်နေရတာလို့ တွေးမိတဲ့ကျနော်က မုန်းဖို့သိပ်ကောင်းတာပဲနော် ...။
ကျနော် တစ်ဖက်ဆန်ဆန်တွေးပြီး ကိုကို့ကိုပြောခဲ့တဲ့စကားတွေ၊ ကိုကို ဘယ်လောက်နာကျင်ရမလဲ ...။
အစကတည်းက ဒီကောင့်ရဲ့အပြစ်တွေပါပဲ၊ ကိုကို့ရဲ့အချစ်တွေကိုမမြင်နိုင်ပဲ လျစ်လျူရှုတဲ့ ဟော့ဒီက ဂျွန်ဂျောင်ကုဆိုတဲ့ေကာင်က ကိုကို့ကိုဝမ်းနည်းစေတာလေ ...။
ကျနော်တို့ရဲ့ချစ်ခြင်းက မုန်းခြင်းတွေနဲ့စပေမဲ့ ကိုကို ပြန်သတိရလာရင် ချစ်ခြင်းတွေနဲ့ပဲဘဝကိုအဆုံးသတ်ရအောင် ...။
အချိန်အကြာကြီး ... မဟုတ်ဘူး ထာဝရ .... ထာဝရ ကိုကိုနဲ့ပဲပျော်ရွှင်စွာအတူနေချင်တယ် ...။
ကျနော်လဲ ကိုကို့ကိုရူးလောက်အောင်ချစ်နေပြီဆိုတာ ဝန်ခံပါတယ် ...။
အရမ်းချစ်တယ် ကိုကိုရယ် ...။
၁ ရက်
၂ ရက်
၃ ရက်
၄ ရက်
၅ ရက်
၆ ရက်
၇ ရက်
တစ်ပတ်ရှိပြီ၊ ကိုကိုဟာအခုထိသတိမရသေး အခုဆို နေ့တိုင်းဆေးရုံလာပြီး ကိုကို့ဘေးမှာပဲ တစ်ယောက်ထဲထိုင်စကားပြောနေရတာ အလုပ်တစ်ခုလိုတောင်ဖြစ်နေပြီ ...။
" ကိုကို ~ "
" ကိုကိုအခုအိပ်နေတာ တစ်ပတ်ရှိပြီ ကျနော်စကားပြောတိုင်း ဘာမှလဲပြန်မပြောဘူး ကိုကိုသိပ်ဆိုးတာပဲ "
VOUS LISEZ
🚨 I Never Hate You 🚨
♡ Part - 9 ♡
Depuis le début