ep39

2.8K 244 18
                                    

ဆောင်းရာသီရဲ့အအေးဆုံးလဖြစ်တဲ့အပြင်
ရာသီဥတုက သူတို့ဒီနေရာရောက်မှ ပိုမိုပြင်းထန်စွာ
နှင်းမိုးများ တဖွဲဖွဲရွာသွန်းတော့သည်။
မြင်မြင်သမျှဟာ ဖြူလို့ဖွေးလို့။

" ဘယ်နှနာရီလောက်ရှိပြီလဲ "

" ဘာလို့လဲ..ပင်ပန်းနေပြီလား "

အရိုးရှင်းဆုံးဖြစ်အောင် သူတို့ဟာ
ဒီခရီးကို ရထားနှင့်သာ ထွက်ခဲ့ကြသည်။
ရထားစီးလာတာ ပျမ်းမျှနှစ်နာရီကျော်လောက်ပြီ။

" နှင်းတွေက ဘာလို့တအားများနေတာလဲ ငါတို့ဆိုးလ်မှာကော ဒီလိုပဲလား "

" ဘာမှမကွာလောက်ဘူး ဘာလို့လဲ "

" ငါ့အပင်တွေ သေသွားလောက်မယ်
ဒီလောက်နှင်းတွေနဲ့ဆို "

" ... "

ချန်းယောလ် ဘတ်ခ်ဟျွန်းကိုခေါ်လာတဲ့
ရည်ရွယ်ချက်မှာ နှင်းအပြည့်နဲ့ စိတ်လှုပ်ရှားစရာမြင်ကွင်းတွေ
ပြရန် ရည်ရွယ်ချက်ဖြစ်သည်။ ဘတ်ခ်ဟျွန်းကို သူနဲ့လိုက်နေတဲ့တစ်လျှောက်လုံး
ဘယ်မှခရီးအဖြစ် ခေါ်မသွားခဲ့ဘူး။

" သူတို့တွေ နှင်းဒဏ်ကို မခံနိုင်လောက်ဘူး "

တွေးတွေးဆဆနှင့်ပြောနေသည့်
ဘတ်ခ်ဟျွန်းကို သူကြည့်လိုက်သည်။
အခု သူ့မှာ သူ့ပန်းပင်တွေလောက်ကို
ဂရုစိုက်မခံနေရဘူး။

သူတို့သွားမဲ့တည်နေရာကို
ညနေစောင်းလောက် ရောက်ခဲ့သည်။
ထိုနေရာသည် မြို့ထဲနှင့်အတော်အတန်ဝေးသည့်
ကျေးလက်နေရာလေးဖြစ်သည်။ ရထားပေါ်ကဆင်း‌ဆင်းချင်း ဖြူဖွေးတောက်
နေတဲ့နှင်းများနှင့် ရင်ဆိုင်လိုက်ရသည်။
သူတို့ အသုံးအဆောင် များ
များစားစားသယ်မလာပေမဲ့
အနွေးဝတ်အထည်များကြောင့်
များများစားစားမပါပေမဲ့ လေးလံလို့နေသည်။ အိမ်ကနေ ပစ္စည်းတွေသယ်မလာပေမဲ့ 
လိုအပ်တာအချို့တော့ လမ်းတွင်ဝယ်ခဲ့သေးသည်။

" လမ်းလျှောက်ပဲသွားကြ‌ရအောင်...
အဲပန်းစည်းကြီးက ချထားခဲ့တော့ပါလား "

ဘတ်ခ်ဟျွန်းက သူ့ကိုပင့်ကြည့်သည်။
နဂိုကကို အနွေးထည်တဘက်ထူထူထဲထဲနှင့်
ရှုပ်ရတဲ့ကြား သူက ပန်းစည်းကြီးတစ်ပိုက်ပိုက်နဲ့။
ချန်းယောလ်၏မကြည်တဲ့စိတ်သည်
ထိုပန်းစည်းပေါ်သို့ ပုံချမိသည်။
ပန်းစည်းမှာအပြစ်မရှိပေမဲ့
ပန်းစည်းပေးတဲ့သူကိုတော့ မျက်မုန်းကျိုးပဲ။

Yours [✓]Where stories live. Discover now