ep35

2.1K 294 17
                                    

ဒီတစ်ခါရောဘာမှားသွားပြန်ပြီလည်းမသိ တစ်ဖက်ကတိတ်ဆိတ်သွားပြီးနောက် ဖုန်းချသွားခဲ့သည်။
ဘတ်ခ်ဟျွန်းဘာမှတွေးတောချင်စိတ်မရှိတော့။ ဖုန်းပြန်ခေါ်ဖို့လည်း
ထပ်မကြိုးစားတော့။ ခြေလက်ရေဆေးကာညစာပြင်ရန်လုပ်တော့သည်။ မနက်ကကျန်တဲ့
ဟင်းလျာများကိုနွှေးပြီး ဟင်းရည်သောက်ပူပူလေးချက်ကာ
ထိုင်စောင့်နေလိုက်သည်။ သူအနေနဲ့ပွင့်ပွင့်လင်းလင်းဝင်ခံလိုက်ပေမယ့် တုံ့ပြန်မှုမကောင်းတော့ သူမတွေးဖူးတာတွေစတွေးလာသည်။
သူအရမ်းသတ္တိကြောင်တာဘဲ ဒီလောက်လေးလစ်လျှူရှုခံရတာလေးနဲ့တောင် မနေတတ်တော့တာ
တစ်သက်လုံးစာမတွေ့မမြင်ဘဲဝေးရမယ်ဆို၊ ကိုယ့်ဘဝနဲ့ကိုယ်သာဖြစ်သွားမယ်ဆို။

" ဘတ်ခ်ဟျွန်း "

" .... အင် ဂျယ်ဟျွန်း ထမင်းစားတော့မလို့လား "

" မဟုတ်ဘူး ဟင်းရည်အိုးပွက်နေပြီ "

ဂျယ်ဟျွန်းပြောမှသူမီးအမြန်ပိတ်လိုက်သည်။ ခလုတ်ပိတ်ပြီးတော့
ဂျယ်ဟျွန်းကပြန်လှည့်ကာအပေါ်တက်သွားပြီ။ ဂျယ်ဟျွန်းက
ဆေးကျောင်းတစ်ဖက်နဲ့သူ့ဆရာနောက်လိုက်နေတာဖြစ်သည်။
ဂျယ်ဟျွန်းတက်သွားပြီး
ခနကြာမှတော့ထယ်ယုံးရဲ့အကဲပိုသံတွေညံသွားတော့သည်။
ထယ်ယုံးကအိမ်ရဲ့ဆည်းလည်းလေး။ သူရောက်လာပြီးမှ
အိမ်ကအိမ်ပိုနဲ့တူသွားတော့သည်။

တင်းတောင်... တင်းတောင်..

သူတွေးလက်စအတွေးကိုဖြတ်လျက်တံခါးရှိရာဆီသို့
လျှောက်သွားလိုက်သည်။ သူတံခါးဘဲလ်သံကြားကြားချင်း
ထသွားလိုက်ပေမယ့် ဘဲလ်သံကဆက်တိုက်ကိုတီးနေတာဖြစ်သည်။

" အင့် "

ဘတ်ခ်ဟျွန်းတံခါးဖွင့်ဖွင့်ချင်းတင်းတင်းကြပ်ကြပ်ဖက်ခံလိုက်ရသည်။ ချန်းယောလ်ရောက်လာတာဖြစ်သည်။ ဘယ်ကဘယ်လိုဘာအတွက်ရောက်လာမှန်းမသိပေမယ့်
သူအရမ်းလွမ်းနေလို့ဘာမှတွေးတောမနေတော့ဘဲ
ပြန်ဖက်တွယ်ထားလိုက်သည်။ ဒီရင်ငွေ့၊ ဒီလူကိုသူလည်း..
ဘယ်အချိန်၊ ဘယ်ကတည်းကလည်းမသိပေမယ့် သူ့ဘဝတွင်
ဒီလူသားမရှိရင်သေသွားနိုင်သည်အထိသူတွေးမိသွားသည်။

Yours [✓]Where stories live. Discover now