Mark Hyung ဆီကနေ ချီးကျူးခံရဖို့ Donghyuck မှာ
အလွတ်မှတ်လာတဲ့ English စာလုံးတွေကိုလည်း မေ့သွားမှာစိုးလို့ ပြန်ရွတ်ကြည့်နေရသေးတယ်။
Mark hyung နဲ့များ ရင်းနှီးလာမလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအဖွဲ့ထဲလာပေမယ့် အခုထိ သူ့နားရောက်မလာသေးတဲ့ LeeMark ကြောင့် Donghyuck က မဆိုသလောက်လေး နှုတ်ခမ်းဆူချင်နေပြီ။
သူခေါ်မယ့်အလှည့်တောင် မရောက်နိုင်ပဲ LeeMark နာမည်ကို နှစ်စက္ကန့်ခြားစီခေါ်နေတဲ့ အတန်းထဲက ကောင်မလေးတွေကိုလည်း သူမျက်စောင်းထိုးချင်နေပြီ။
အလကား စာမေးတာလည်းမဟုတ်ပဲ သူတို့နားရောက်လာတဲ့ LeeMark မျက်နှာကို ချစ်ရည်ရွှန်းလဲ့တဲ့မျက်ဝန်းတွေနဲ့ ကြည့်နေကြတာ။ မြင်နေရတဲ့ Donghyuck မှာ စိတ်မချမ်းမသာနဲ့ ဂျယ်လီတွေ တအားနင်နေရပြီ။
ဟို အီမာခု့ ဆိုတဲ့ လူကြီးကတော့ မသိရှာဘူး ထင်ပါရဲ့ လူတိုင်းကို ပြုံးပြနေလိုက်တာများ .. ။
" ဟွန်း! မုန်းချင်စရာကြီးလို့ပြောချင်ပေမယ့် ချစ်နေတာ ဘယ်လိုလုပ်ရပါ့ "
" Donghyuck ဘယ်နေရာမရလို့လဲ မျက်နှာကြီးက ဆူပုတ်နေတာပဲရော် "
ဟော !
နောက်ဆုံးတော့ သူအတွေးထဲမှာ အတင်းတုပ်နေတဲ့လူကြီးက သူ့ရှေ့ရောက်လာပါပြီ။
ရုတ်တရက်ကြီး မျက်စိရှေ့ရောက်လာတော့လည်း ဘာပြောရမှန်းမသိတာ သူကိုယ်တိုင်ပါပဲ။
ဘေးဘက်ကို ကြည့်လိုက်တော့ Mark ကို လက်လှမ်းပြီးခေါ်ချင်နေပုံရတဲ့ အတန်းခေါင်းဆောင် ကောင်မလေးကြောင့် သူ Mark Hyung ရဲ့ အကျီင်္ီစကို ဆွဲပြီး မော့ကြည့်ကာ အရှည်ဆုံးအပုဒ်ကို လက်ညှိုးထိုးပြပြီး ဘာသာပြန်ပြခိုင်းလိုက်ရတယ်။
" Sam ! ဒါလေး ဘာသာပြန်ပြပါဦး ကွက်လပ်ဖြည့်ရမှာကို စာပိုဒ်သေချာနားမလည်လို့ ~ "
" ဒီအပိုဒ်လား ရပြီ ဒီနားက စပြောမယ်နော် .. "
Mark က သူ့ဘေးနားက ခုံကိုဆွဲယူကာ သူ့နားမှာထိုင်ပြီး English စာပိုဒ်ကြီးကို ဘာသာပြန်ပြတယ်။
သူ့နားထဲတော့ Mark hyung ပြောတဲ့ the တွေရော an တွေရော တခြား English စာလုံးတွေရော ကြားနေရပေမယ့် မြင်နေရတဲ့ ဘေးတစောင်းမျက်နှာလေးမှာပဲ အာရုံကရောက်နေတယ်။
YOU ARE READING
• p r e m i è r e • [ Complete ]
Short StoryMarkHyuck short story. This fiction is written by both unicode & zawgyi. [ p r e m i è r e ]
[ 2 ]
Start from the beginning
![• p r e m i è r e • [ Complete ]](https://img.wattpad.com/cover/278636097-64-k328890.jpg)