အစတည်းက သူက English အားနည်းတဲ့သူဖြစ်တယ်။
အဲ့တော့ ဒီဟာက သူ့အတွက်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ။
စာလည်းရ ဆရာကိုလည်း ရ !

ဘာဖြစ်ဖြစ် အရင်လို တစ်ပတ်နှစ်ခါမဟုတ်ပဲ နေ့တိုင်း ကိုကို့ကိုတွေ့နေရတော့မှာ ဟီးဟီး

သူပြုံးပြုံးကြီးရပ်နေရင်းနဲ့ကြာလာတော့ ဘေးကို အတွန်းခံရတယ်။
နေပါဦး အတန်းထဲမှာ ဘာတွေဖြစ် .. ။

သူတစ်ချက်ရှိုးလိုက်တော့ သူ့လိုပဲ ကျောင်းသူကောင်မလေးအများစုက Mark ရဲ့ အဖွဲ့ထဲကိုပဲ ၀င်ချင်နေကြတယ်။ ဆိုးတာက ဆရာတစ်ယောက်ချင်းစီမှာ ကျောင်းသားဦးရေ ကန့်သတ်ထားတာမို့ အခုလို လုနေကြချင်းဖြစ်တယ်။

သူကတော့ အစောကြီးတည်းက အေးဆေးလေး နာမည်ပေးပြီးသားမို့ လေလေးချွန်လိုက်ပြီး နေရာမှာသွားထိုင်နေကာ သချာင်္တွက်နေလိုက်တယ်။

အဲ့လိုပဲ ဆိုးလ်မိတ်တွေကြတော့ အတင်းလုယူစရာမလိုပဲကို တွဲမိနေတာမျိုးလေ။


အရင်က ခုံနံပါတ်တွေနဲ့တန်းစီခွဲပေးတာကနေ ဆရာက ကိုယ့်ဘာသာကြိုက်တဲ့ဆရာအဖွဲ့ထဲဝင်လို့ပြောတာနဲ့ သူ့သူငယ်ချင်းတွေနဲ့ အကုန်ကွဲသွားရတယ်။
အဲ့တာကြောင့် Mark hyung ဆီစာရင်းပေးထားတဲ့ သူက ကျောင်းဆင်းရင် တစ်ယောက်တည်း .. ။


အတန်းသားတွေကို နာမည်သေချာစစ်ပြီး နေရာချပေးနေတဲ့ Mark က Donghyuck ကိုတွေ့တော့ ပြုံးပြတယ်။

" Donghyuck ပါလား လာ လာ ထိုင်ချင်တဲ့နေရာ ၀င်ထိုင်လိုက်နော် "

" ဟုတ် Sam ! "

အရင်တည်းက ကျောင်းရုံးခန်းကို ခဏခဏ ဆရာတွေခိုင်းလို့သွားနေရတဲ့သူ့ကို Mark hyung က မှတ်မိနေတော့တယ်။
သူတို့နဲ့ အသက်သိပ်မကွာတာမို့ စိတ်ထဲတော့ Hyung တပ်ခေါ်ထားပေမယ့် အပြင်မှာတော့ ရိုသေသမှုနဲ့ Sam လို့ခေါ်ရတာပေါ့။ !

အနာဂတ်ကောင်လေး က ကိုယ့်ကို ရိုသေမှုမရှိဘူးလို့ မြင်သွားမှာမလိုလားဘူးလေ။ > 3<

ကျောင်းသားတွေကို စစ်နေရလို့ အလုပ်များနေတဲ့ Mark ကို တစ်ချက်ပြန်လှည့်ကြည့်လိုက်ပြီး Mark ထိုင်မယ့် ခုံနဲ့ နီးနီးလေးမှာ ရွေးထိုင်လိုက်သည်။

• p r e m i è r e • [ Complete ]Donde viven las historias. Descúbrelo ahora