45-WHY DO YOU HAVE A PICTURE OF HIM

Start from the beginning
                                    

ရှန်းရှောင်ရှဲကား မျက်မြင်သက်သေထွက်ဆိုရာနေရာကိုကြည့်နေရာမှ တစ်ဖက်ခြမ်းရှိ ပထမတန်းတွင် နေရာယူထားကြသော သက်လတ်ပိုင်းအမျိုးသားအချို့ကို ဝေ့ကြည့်လိုက်သည် ။ ရှန်းရှောင်ရှဲ၏အသံကား ဆိုးရွားသောကိစ္စတစ်ခုခုဖြစ်တော့မည့်ဟန်ပေါ်လာလျက်

"သူတို့က လျော်​ကြေး ယွမ်တစ်သန်းလိုချင်နေတယ် ၊ လျော်ကြေးမပေးရင် နားလည်ကြေအေးမှုစာရွက်စာတမ်းမပေးဘူးတဲ့ ၊ ကျွန်တော့်အမေသေတဲ့အထိ ထောင်ထဲပိတ်ထားမယ်လို့ပါ ခြိမ်းခြောက်လိုက်သေးတယ် "

ထိုစကား၌ ဒူးခေါင်းထက်တင်ထားသော ရှန်းရှောင်ရှဲ၏လက်များမှာ လက်သီးဆုပ်များအဖြစ် ပြောင်းလဲသွားလျက် ။

ဤအခိုက်အတန့်တွင် ရှန်းရှောင်ရှဲတစ်ယောက် စိတ်ပုံမှန်အခြေအနေ၌ ရှိနေမည်မဟုတ်ကြောင်း ၊ စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်နေမည်ဖြစ်ကြောင်း လုဖုန်းအတတ်ပြောနိုင်၏ ။

နားလည်ကြေအေးမှုစာရွက်စာတမ်းကို ရရှိခြင်းဆိုသည်မျိုးက လျော်ကြေးငွေအတွက်ရော ၊ ကျေအေးဖို့အတွက်ရော နှစ်ဦးနှစ်ဖက်သဘောတူညီသည်ဟုဆိုလိုခြင်း ။ ထိုစာရွက်နှင့်ဆိုလျှင် တရားသူကြီးကလည်း ပြစ်ဒဏ်ချမှတ်ရာ၌ သက်ညှာပေးပေလိမ့်မည် ။

တစ်ချိန်တစ်ခါကလည်း ထိုစာရွက်မျိုး လုဖုန်းရရှိခဲ့ဖူး၏ ။ ချီးယန်၏မိဘများထံမှ ထိုစာရွက်ကိုရရန် မိခင်ဖြစ်သူ ငွေကြေးမည်မျှပေးခဲ့ရမှန်း လုဖုန်းမသိ ။ သို့သော် ထိုစာရွက်ကြောင့်သာ မူလ ထောင်ဆယ်နှစ်ကျော်ကျရမည့်အစား ဆယ်နှစ်သာကျခဲ့ရခြင်းပင် ။

တရားခွင်အတွင်း ထိုစာရွက်ကို တရားသူကြီးထံ အကိုးအကားတစ်ခုအဖြစ်သာ တင်ပြခြင်းဖြစ်ပြီး အသေးစိတ်စစ်ဆေးလေ့မရှိပေ ။ တရားခွင်ပြီးဆုံးသွားပြီးနောက်ပိုင်း ထိုစာရွက်ကိုရရန် မည်မျှပေးခဲ့ရကြောင်း မိခင်ဖြစ်သူထံ လုဖုန်းမေးမြန်းရန် အကြိမ်ကြိမ်အခါခါကြိုးပမ်းခဲ့၏ ။ အစပထမ၌ ငွေပမာဏကိုပြောပြဖို့ရန် မိခင်ဖြစ်သူကငြင်းဆန်ပြီး ပိုက်ဆံကိစ္စနှင့်ပတ်သက်၍ မစိုးရိမ်,မပူပန်ဖို့ရန် လုဖုန်းအား ပြောလေသည် ။ သို့သော် လုဖုန်း၏အကြိမ်ကြိမ်အခါခါ မရပ်မနားမေးမြန်းမှုများအောက်ဝယ် ယွမ်ငါးသိန်းပေးခဲ့ရကြောင်း ဝန်ခံလာတော့သည်။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now