ဝမ်ရိပေါ်သည် ဂိတ်ဝက ကောင်လေးရဲ့ လက်တွေ ကိုကို ဝီးချဲပေါ်မရောက်ခင် တားစီးလိုက်သည်။ ဒါဟာ ဂိတ်စောင့်ကောင်လေးရဲ့ အလုပ်မဟုတ်ဘူး။ ကိုကို့ရဲ့ လှုပ်ရှားမှုမှန်သမျှသည် ဝမ်ရိပေါ်ဆိုတဲ့ သူတစ်ယောက်၏ တာဝန်တာဖြစ်စေရမည်။

" ကိုကို ပိစိကွေးကို ခေါ်ထား "

ကားပေါ်က မဆင်းရသေးတဲ့ ရှောင်းကျန့်ရဲ့ ရင်ခွင်ထဲ ရောက်လာခဲ့တဲ့ နီတာရဲ ကလေးသေးသေးလေး ။ ရှောင်းကျန့်သည် ခေါင်းလေးအသာငြိမ့်ပြီး ကလေးသေးသေးလေးကို ပွေ့ပိုက်ယူလိုက်တော့ ဝမ်ရိပေါ်သည် ဖြေးညှင်းစွာ ရှောင်းကျန့်ရဲ့ ဝီးချဲလေးကို ကားပေါ်က ဆင်းစေသည်။ 

ထို့နောက် နီတာရဲ ကလေးသေးသေးလေးကိုပွေ့ပိုက်ထားတဲ့ ရှောင်းကျန့်ရဲ့ ဝီးချဲလေးကို ကုမ္ပဏီအတွင်း တွန်းပေးခဲ့တဲ့ ဝမ်ရိပေါ် ။ ရှောင်းကျန့်ကတော့ ရင်ခွင်ထဲက နီတာရဲ ကလေးသေးသေးလေးရဲ့ ပါးဖောင်းလေးကို လက်ညိုးလေးနဲ့ထိုးပြီး ချော့မြူနေခဲ့သည်။

တောက်..... !!!

ဝမ်ချင်းသည် သူမရှေ့ကမြင်ကွင်းကို စူးစိုက်စွာကြည့်ပြီး တောက်ခတ်မိသည်။ ဒါက ဘယ်လိုအနေအထားကြီးလည်း ။ ရှောင်းကျန့်လက်ထဲက ကလေးက ဘယ်သူ့ကလေးလည်း ။ ဘာလို့ ဝမ်ရိပေါ်လက်ထဲကနေ ရှောင်းကျန့်လက်ထဲ ရောက်သွားရတာလည်း ။ ဒီကလေးကရော ဘယ်ကနေ ရောက်လာတာလည်း ။ အတွေးပေါင်းများစွာနဲ့ ဝမ်ချင်းဒေါသတွေ ထွက်နေခဲ့ရသည်။

ဝမ်ရိပေါ်သည် သူတို့ကို အံ့သြစွာ ငေးကြည့်နေတဲ့ မည်သူ့ကိုမှ ဂရုမစိုက်စွာ ရှောင်းကျန့်ဝီးချဲလေးကို တွန်းခဲ့ပေးရင်း တစ်ချက်တစ်ချက် ဝီးချဲပေါ်မှ ကလေးကို ချော့မြူနေတဲ့ ရှောင်းကျန့်ကို ငုံ့မိုးကာ ကြည့်တက်သေးသည်။

" ငယ် "

" ဗျာ ကိုကို "

" ငယ့် အလုပ်ခုံကို ကိုကို့ ရုံးခန်းထဲ ရွေ့ခဲ့ပါလားဟင် "

" ကိုကို့အခန်းထဲမှာ မမဝမ်ချင်းရှိနေတဲ့ဟာ "

" မဟုတ်ဖူးလေ ငယ်ရာ...။ ကလေးနဲ့ ငယ်တစ်ယောက်တည်း ဘယ်ဖြစ်ပါ့မလဲ ကိုကိုလည်း ကိုကို့သားကို ငယ်နဲ့အတူ ထိန်းကူမှာပေါ့။ ဒါကြောင့် ငယ်က သားလေးနဲ့အတူ ကိုကို့ ရုံးခန်းထဲကို ပြောင်းလာခဲ့နော် "

Love is Blind ( Completed  )Where stories live. Discover now