Chapter 17 Part 2

Start from the beginning
                                    

Pei Yingသည် သက်ပြင်းချလိုက်ပြီး ပြန်ပြောလိုက်သည်၊ "ဟုတ်ပါတယ် အမေနဲ့ အဖေ သမီးကို မွေးပေးခဲ့တယ်. အဲ့တော့ သမီးလဲ တတ်နိုင်သလောက် ထောက်ပံ့ပေးတယ်. ဒါပေမဲ့ Song Nanchuanက အမေတို့မှာ ဘာအကြွေးမှ မတင်နေဘူးလေ. အဲ့တော့ သူ့ပိုက်ဆံအကြောင်း တွေးနေတာတွေ ရပ်လိုက်."

"နင်-"

"အမေ အကယ်လို့ Xiuranကို ဘာအလုပ်မှ မလုပ်စေဘဲနဲ့ ချမ်းသာစေချင်ရင် သူ့ကို ချမ်းသာတဲ့ ဇနီးတစ်ယောက်ကို လက်ထပ်ခိုင်းလိုက်! သူ့ရုပ်ရည်နဲ့ဆို သူ့ကို ဂရုစိုက်ပေးမဲ့ ချမ်းသာတဲ့ မိန်းမတွေ ရှိကို ရှိတယ်!" Pei Yingသည် ထိုစကားများကို ပြောပြီးသည်နှင့် ဖုန်းကို ချလိုက်တော့သည်။

သူမအမေ ဖုန်းထပ်ခေါ်လာမည် စိုးသောကြောင့် သူမမှာ ဖုန်းပိတ်လိုက်တော့သည်။

သူမမှာ စားချင်စိတ်လည်း မရှိတော့ပေ။ အိပ်ရာထဲ ဝင်လှဲလိုက်ပြီး ခြေကုန်လက်ပန်းကျသော သက်ပြင်းတစ်ချက် ချလိုက်သည်။

သူမအမေတော့ သူမစကားကြောင့် အမှန်တကယ် ဒေါသ ထွက်သွားနိုင်သည်။ သူတို့တွေ သူမဆီ ပိုက်ဆံကြောင့် လာနေသည်မှာ လုံလောက်နေပြီးဖြစ်သည်၊ သို့သော် သူတို့တွေ အခု Song Nanchuanရဲ့ ပိုက်ဆံတွေကိုတောင် ငမ်းနေကြပြီးဖြစ်သည်...

သူမသည် ညာဘက်လက်ကို မတင်လိုက်ပြီး မျက်လုံးများကို ကာလိုက်သည်။

သူ သူတို့အပေါ် ဘာအကြွေးမှ မတင်နေဘူးလေ...

သူမနေ့လယ်ခင်းအလုပ်ကြောင့် Pei Yingမှာ စိတ်ပြန်လည် တက်ကြွလာသည်။ သူမ၏ ကိုယ်ရေးကိုယ်တာခံစားချက်ကြောင့် အလုပ်ကို ထိခိုက်လာစေသည်ကို သူမ မကြိုက်ပါ။ သူမအလုပ်မှာ လူအများကြီးနှင့် အတူတကွ လုပ်ကိုင်နေရသောကြောင့် အကယ်၍ သူမသာ အခြေအနေ မကောင်းခဲ့လျှင် အခြားသူများအချိန်လည်း ကုန်သွားလိမ့်မည်။ သူမလည်း အလုပ်ကြိုးစားတဲ့ ဝန်ထမ်းတွေအပေါ် အားနာမိမည်ဖြစ်သည်။

ဒေါက်ဖိနပ်ကြော်ငြာမှာ သူမ ခြေထောက်ကိုသာ ဦးစားပေးလိမ့်မည်ဖြစ်သော်လည်း သူမမှာ မိက်ကပ်အပြည့် လိမ်းရဦးမည်ဖြစ်သည်။ Pei Yingသည် ကြော်ငြာသူ ပေးသော အဝတ်အစားကို လဲလိုက်ပြီး မှန်ရှေ့တွင် ထိုင်လိုက်တော့သည်။

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Where stories live. Discover now