"အော်... ဒါနဲ့... ၀မ်ရိပေါ် နင်ပြောတော့ သူငယ်ချင်းလေး ဘာလေးနဲ့ ပြီးတော့ အထိုးခံရတာဘဲမလား... ဟားဟား "

"သူငယ်ချင်းဆိုတဲ့ အချက်ကြောင့် ငါငြိမ်ခံနေခဲ့တာ
ဒါပေမဲ့ငါက အမြဲတမ်းတေယ့ ငြိမ်ခံနေမှာမဟုတ်ဘူး "

"ဟားဟား ကောင်းပါပြီ လောလောဆယ် နင့်ဒဏ်ရာတွေကို သာပျောက်အောင် ကုစမ်းပါ ဟားဟား "

".........."

ယန်ဇီက သူပြောချင်တာတွေကို ပြောပြီးတာကြောင့် ကြာကြာမနေဘဲ ပြန်ထွက်လာလိုက်တယ်

ယန်ဇီထွက်သွားတော့ လိုက်ကာနောက်က ရှောင်းကျန့်လဲ ထွက်လာလိုက်တယ်

ရှောင်းကျန့် ယန်ဇီကို တော်တော်စိတ်ပျက်နေမိတယ်

ရှောင်းကျန့်က ယန်ဇီစကားတွေကြောင့် မျက်နှာမကောင်းဘူး ဒါကို သိတဲ့ ရိပေါ်က ယန်ဇီအကြောင်းမပြောဘဲ တစ်ခြားအကြောင်းပြောပြီး စကားလမ်း ကြောင်းလွဲလိုက်တယ်

"ကော... "

"အင်း... ပြော... ရိပေါ်"

ရှောင်းကျန့် ရဲ့မျက်နှာအမူအရာက ချက်ချင်းကြီးပြောလဲ သွားတယ် ယန်ဇီကြောင့် ဖြစ်နေတဲ့ မျက်နှာ အမူအရာ နဲ့လားလားမျှမဆိုင် ဆီနဲ့ရေလိုကွာတယ်
ရှောင်းကျန့်ရဲ့ စိတ်အလိုမကျမှုတွေက ရိပေါ်ရဲ့ 'ကော' ဆိုတဲ့အသံကြားပြီး ကြက်ပျောက် ငှက်ပျောက် ပျောက် သွားခဲ့တယ်

"ကော... ခဏနေကျောင်းဆင်းတော့မယ် ကောအရင်ပြန်နှင့်လိုက်ပါ... ယန်ဇီကို အာရုံလွှဲလိုက် မယ် ပြီးတော့မှ ကျွန်တော့အိမ်ကို လာခဲ့ပေါ့"

"အင်း... ကောင်းပြီ... ရိပေါ်အကြံကောင်းတယ်... ကောသွားတော့မယ်နော် ...ရိပေါ်လည်း... ဂရုစိုက်အုန်း"

"ကောလည်းဂရုစိုက်ပြီးပြန်ပါ"

"အင်း... "

ရိပေါ်က ဆရာကြီးကို စာတစ်ဆောင်ပို့လိုက်တယ်

(ဆရာ ယန်ဇီကို ရုံးခန်းထဲခေါ်ပြီး အချိန်ဆွဲထားပေးပါ အခုချက်ချင်းလုပ်မှရမယ်)

(ကောင်းပြီ....ဆရာလုပ်လိုက်မယ်)

(👌👌👌)

(👍👍👍)

I believe in you (zhanyi) {Complete}Where stories live. Discover now