Ep 15

1K 64 11
                                    

Zawgyi

"ငါရိပေါ်နဲ့ စတွေ့တုန်းကပေါ့ကွာ"

Feedback.........

လွန်ခဲ့တဲ့နှစ်တွေတုန်းက  မူလတန်း ပထမ နှစ်အပြီး နွေရာသီကျောင်းပိတ်ရက်လဲ ပြီးခါနီးမှာပေါ့
ကျင်းလင်ဒေါသအိုးက မွေးနေ့မှာရတဲ့ သူလက်ဆောင်တွေ ကိုသဘောမကျဘူးဆိုပြီး စိတ်ကောက်နေလေရဲ့
ကျင်းလင်ရဲ့မိဘတွေက ကျင်းလင်စိတ်ကောက်ပြေအောင် ကလေးတွေအကြိုက် ကစားကွင်းကိုခေါ်သွားဖို့ပြင်တယ် ကျင်းလင်ကလဲ ငယ်သေးတာကြောင့် ကစားကွင်း ဆိုတာနဲ့ မျက်နှာက ချက်ချင်းကို ၀င်းလတ်လာတယ်  ဒါနဲ့ဘဲ ကစားကွင်းကို သွားဖို့ဖြစ်လာတယ်

ရိပေါ်က ငယ်သေးပေမဲ့ အဲ့ဒီ့အရွယ်တုခါးကလေးတွေထက် ရိပေါ်က ဥာဏ်နှစ်ဆ ကောင်းပြီး ထူးချွန်ထက်မြက်တယ်
တွေ့သမျှ မြင်သမျှအရာတိုင်းကို သူကလိုက်ပြီး စူးစမ်းလေ့ လာချင်တယ် ဒါကြောင့် ကျောင်းပိတ်ရက်အတွင်း ၀မ်မား နဲ့အတူ အိမ်မှုကိစ္စတွေလိုက် လုပ်ပေးတယ်  ငယ်သေးတာ ကြောင့် ဘာလုပ်လုပ် စိတ်ဝင်စားစရာကောင်းနေတယ်လေ
ကျောင်းပိတ်ရက်ရဲ့ နောက်ဆုံးရက်မှာတော့ ရိပေါ်ကို ဟိုက်ခွမ်း ကစားကွင်းအကြောင်းပြောပြတော့ နဂိုထဲက ကစားကွင်းဆို အသံလေးကြားလိုက်တာနဲ့ ဆွေ့ဆွေ့ ခုန်နေ တာအခုလဲ မသွားချင်ရှာပါဘူး ပြောလိုက်တာနဲ့ နှစ်ခါမစဉ်းစား ဘူးလက်ခံလိုက်တယ် ဒါနဲ့ဘဲ ၀မ်ပါးနဲ့ ၀မ်မား ကိုပြောပြီး ကစားကွင်းကိုလာခဲ့တယ်

ကစားကွင်းက ကြီးပြီး လူများတယ်

ကျင်းလင်ကပျော်ပျော်ကြီး ကစားနေလေရဲ့ နောက်လာမဲ့ ကံကြမ္မာဆိုးကြီးကို သူမတွေးမိဘူး 

ကျင်းလင်ကစားပြီး လူကြီးတွေဆီပြန်လာတဲ့အချိန်မှာ သူထိတ်လန့်သွားခဲ့တယ် ဘာကြောင့်လဲဆိုတော့
ကျင်းလင်က သူမိဘတွေကို ရှာမတွေ့တော့လို့ဘဲ ဖြစ်တယ်
ဘယ်လောက်ရှာရှာ  ရှာလို့မတွေဘူး  တစ်ဖက်မှာလဲ ကျင်းလင် မိဘတွေက ကျင်းလင်ကို လိုက်ရှာနေပေမဲ့ သူတို့ရဲ့တည်နေရာတွေက ဆန့်ကျင်ဘက်ဖြစ်နေတာ ကြောင့် ရှာမတွေ့ခဲ့ ။

ကျင်းလင်က အဲ့နေရာမှာဘဲ ငိုပြီးထိုင်ချလိုက်တော့တယ်

ရိပေါ်က ပတ်ကြည့်ရင် ကဆလးတစ်ယောက် ငိုနေတာ ကြားလို့ ကြည့်လိုက်တယ် ပြီးတော့ သူ့အကို ဟိုက်ခွမ်းကို ခေါ်ပြီး ငိုနေတဲ့ ကလေးအနားကိုလျှောက်လာခဲ့တယ်

I believe in you (zhanyi) {Complete}Where stories live. Discover now