Ep 14

1K 60 5
                                    

Zawgyi

ကျင်းလင်က ဒေါင့်ကျတဲ့နေရာတစ်နေရာမှာရှောင်းကျန့်ကို ခေါ်လာတယ် ရှောင်းကျန့်ကလည်း ဘာမှမပြောဘဲ လိုက်လာတယ် ရှောင်းကျန့် ဖုန်းအသံဖမ်း ထားလိုက်တယ် ထိုနေရာကိုရောက်တော့ ကျင်းလင် ရပ်လိုက်တယ် ရှောင်းကျန့်လည်းရပ်လိုက်တယ်

"ရိပေါ်အစားတောင်းပန်ပါတယ်"

"အမ်... "

"ရိပေါ်နဲ့ ထက်ပြီးရန်မဖြစ်ပါနဲ့ "

"......."

"ဒီကိစ္စမှာ ရိပေါ်မှားတယ်လို့ ထားပြီး တောင်းပန်ပါတယ် "

"........"

"ရိပေါ်က ရန်ဖြစ်နိုင်တဲ့သူတစ်ယောက်မဟုတ်ဘူး ရိပေါ်က သန်မာချင်ယောင်ဆောင်နေတဲ့ ကလေးလေးတစ်ယောက် သူကို ခွင့်လွှတ်ပေးလိုက်ပါ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးလိုက် ပါ "

"........"

ရှောင်ကျန့်ပြောစရာစကားလုံးတွေ ပျောက်သွားတယ်
ကျင်းလင်က ရိပေါ်အတွက်တောင်းပန်နေတယ်
ဒီကိစ္စမှာ ရိပေါ်မမှားတာတောင် တောင်းပန်နေတယ်

ရှောင်းကျန့် ကိုယ့်ကိုယ်ကို တော်တော်စိတ်ညစ်သွားတယ်

ရှောင်းကျန့်တွေးနေ
*ဒီကိစ္စကို ရပ်ပစ်လိုက်ဖို့ပြောရင် ယန်ဇီထိခိုက်မှာကို စိုးရိမ်နေတယ် လို့ ရိပေါ်ထင်လိမ့်မယ် ဘာမှမပြောဘဲ တတ်နိုင်သလောက် ရိပေါ်ကို မနာကျင်အောင်တားရမယ်"

ရှောင်းကျန့် ကျင်းလင်ကို ဘာမှမတုံ့ပြန်ဘဲ ငြိမ်နေလိုက်တယ် ရိပေါ်ပြောသလို မျက်နှာကိုလည်း တည် ထားတယ်

ကျင်းလင်က

"တောင်းပန်ပါတယ် " လို့ တစ်ခွန်းပြောပြီး ရိပေါ်ဆီလာလိုက်တယ်

ကျင်းလင်တို့ စကားပြောနေချိန် ကျောင်းဆေးခန်းထဲမှာ ရှိနေတဲ့ ရိပေါ်တို့က

"ဖန်ရှင်း ငါ့ကို ကျင်းလင်ကို ပြောပြထားသင့်တယ်လို့ မင်းထင်လား"

"အေးငါလဲ အဲ့ဒါဘဲပြောမလို့ ဒီတိုင်းဆိုကောင်းပေမဲ့ သိထားတာကြောင့် အခြေအနေကို လွှဲချော်စေ မှာမဟုတ်ဘူး ပြီးတော့ ရှောင်းကျန့်ကို ပိုပြီး အသိတရားရစေမယ်လို့ ငါထင်တယ်"

I believe in you (zhanyi) {Complete}Where stories live. Discover now