ep 1

6.2K 166 0
                                    




Zawgyi

အထက်တန်းကျောင်းရဲ့ ဂိတ်တံခါးမှာ အပြုံးတေနဲ့ကောင်လေးတယောက်ကလာနေတဲ့ကောင်လေးကို လှမ်းခေါ်နေတယ်
"ရိပေါ် ၀မ်ရိပေါ် ငါဒီမှာ"
ရိပေါ် အနားကိုရောက်တော့
"ကျန့်ကော အစောကြီးရောက်နေပါ့လား "
"အွန်း လာ ကန်တင်းသွားမယ် "
ရိပေါ် ခေါင်းညိမ့်ပြီးလိုက်သွားတယ် ကန်တင်းမှာမုန့်စားရင်
"ရှောင်ကျန့်ကောကော ရှောင်ကျန့်ကောကော"
မိန်းကလေးတစ်ယောက်က အော်ရင်း ရှောင်ကျန့်ရှိရာကို ဦးတည်လာတယ် ရိပေါ်ကတော့ "လာပြန်ပြီ"လို့စိတ်ထဲတွေး ရင်း သိနေတယ်ဆိုတဲ့ အကြည့်နဲ့
"ရှောင်ကျန့်ကောကော ယန်ဇီ ကျောင်းအုပ်ကြီး ရုံးခန်းရောက်နေတယ် "
ရှောင်ကျန့် သက်ပြင်းတစ်ချက်ခိုးချလိုက်တယ် သူရိပေါ်ကိုမကြားစေချင်တာကြောင့်ပါ ရိပေါ်က ဒါကိုရိပ်မိတော့
"ကျန့်ကော ကျွန်တော် အတန်းထဲကစောင်နေမယ်"
"အင်း ရိပေါ်"
ရိပေါ်ကရှောင်ကျန့်ရဲ့နောက်ကို ခပ်လှမ်းလှမ်းကနေလိုက်လာတယ်

ကျောင်း အုပ်ကြီးရုံးခန်းတွင်
"ယန်ဇီ မင်းလုပ်ရပ်ကို မင်းသိသင့်နေပြီ!!! "
ယန်ဇီကဘာမှမပြောဘဲ ရှောင်ကျန့်အလာကိုစောင့်နေတယ်
ရိပေါ်က အဖြစ်မှန်ကို သိရုံတင်မဟုတ်ဘဲ သက်သေတွေ ရှိတော့ လိုက်လာခြင်းဖြစ်တယ် ရှောင်ကျန့်ရောက်တော့
ယန်ဇီကရှောင်ကျန့်လက်ကို ကိုင်ပြီးသူမဟုတ်ဘူးလို့ ဘူးပေါ်ဘူးဆင့်ပြီးငြင်းနေတော့တယ် ရှောင်ကျန့်က ယန်ဇီကို အားနွဲ့တဲ့မိန်းကလေးဆိုပြီး ယုံကြည်နေတယ်
ရိပေါ်တံခါးနားရပ်ပြီးနားထောင်နေတယ်
"ဆရာကြီး ယန်ဇီလို အားနွဲ့တဲ့မိန်ကလေးက ဒီလိုလုပ်တာ ဖြစ်နိုင်လို့လား ပြီးတော့ ဒီကျောင်းက ကျွန်တော့်အဖေ လက်အောက်မှာရှိတာနော် "
ထို စကားကြောင့် ဆရာကြီးကမဟရဲတော့ပေ
ရှောင်ကျန့်ကပုံမှန်ကို အလိုကောင်လေးမဟုတ်ဘူး ဒီလိုအချိန်မှာ အာဏာထုတ်သုံးလေ့ရှိတယ်
စကားသံတေရပ်သွားတာကြောင့် ရိပေါ်တံခါးခေါက်ပြီး ၀င်လာတယ်
"၀င်ခွင့်ပြုပါ ဆရာကြီး"
"အာ ရိပေါ်ဘဲ ၀င်လာခဲ့လေ မင်းတို့ကိစ္စနောက်မှရှင်းမယ်"
*ကျေးဇူးတင်ပါတယ်ရိပေါ် မင်းသာမလာရင်... *ဆရာကြီး တွေးနေမိတယ် ယန်ဇီက ထွက်သွားနေတုန်း ရှောင်ကျန်ကိုတိုးတိုးလေး ပြောတယ်
"ကျန့် ဇီ့ကို မဟုတ်တာတေကို သွားတိုင်တာရိပေါ်ဖြစ်နိုင်တယ်"
ရှောင်ကျန့်က ရိပေါ်နဲ့သူငယ်ချင်းစဖြစ်ထဲက ယုံကြည်ခဲ့တာ လုံးဝဆိုလုံးဝ သံသရမ၀င်ခဲ့ဘူး ဒီနေ့တော့ ယန်ဇီရဲ့ စကားကြောင့် ပထမဆုံး ရိပေါ်ကို သံသရ၀င်မိတယ်

I believe in you (zhanyi) {Complete}Where stories live. Discover now