EP 4

2.2K 134 3
                                    

Zawgyi

ရိပေါ်လှည့်ထွက်လာခဲ့တယ်
ရှောင်ကျန့်က ထွက်သွားတဲ့ ရိပေါ်ရဲ့ကျောပြင်ငယ် လေးကိုကြည့်ပြီး {ကိုယ်ထိခိုက်မှာကိုလည်းမစိုးရိမ်သလို
ယန်ဇီထိခိုက်မှာကိုလည်းမစိုးရိမ်ဘူး
ကိုယ်စိုးရိမ်တာက မင်းထိခိုက်မှာကိုပါ }
ထိုစကားကို ရိပေါ်ကတော့ မကြားခဲ့ပါ
ရိပေါ်အိမ်ကို တန်းပြန်လာတယ် ယန်ဇီကတော့
ရိပေါ်မျက်နှာက ဒဏ်ရာကိုတွေ့တော့ ၀မ်းသာနေခဲ့တယ်

ရိပေါ်ထွက်သွားပြီးနောက်ပိုင်း ရှောင်ကျန့်စဉ်းစားနေတယ် ရှောင်ကျန့်က ဥာဏ်ခေသူမဟုတ်တာကြောင့် လုပ်သင့်မလုပ်သင့် စဉ်းစားဆုံးဖြတ်နိုင်တယ်
"ဟုတ်တယ် မှန်တယ် ရိပေါ်ပြောတာမှန်တယ် သူသာလူကောင်းဆို ဒီစမ်းသက်မှုက ဖုန်မှုန့်သာသာဘဲ သူသာတခြားသူတေပြောသလိုဆို..... ငါလက်ခံသင့်တယ်"
ရှောင်ကျန့်ကခဏထက် စဉ်းစားပြီး တစ်ခုခုကို ဆုံးဖြတ်လိုက်တယ်

===============================
ရိပေါ်အိမ်ရောက်သွားတော့ အိမ်မှာ ရှောင်ပါးနဲ့ရှောင်မား ရောက်နေတယ် အစောကြီးပြန်လာတဲ့ ရိပေါ်ကြောင့် ၀မ်မားက
"သားနေမကောင်းဘူးလား အဆင်ပြေရဲ့လား အစောကြီးပြန်လာတယ်"
"သားအဆင်ပြေပါတယ်မား အန်ကယ်ရှောင်းနဲ့ အန်တီရှောင်း ကျွန်တော်ပြောစရာရှိတယ် "
"ပြောလေ သားဝမ်"
"ဟို.. ဟိုလေ ကျွန်တော်ပြောမှာက ရှောင်ကျန့်ကိစ္စ"
"ဟေ ဟုတ်လားပြောပါအုန်း"
"အန်ကယ် ယန်ဇီကိုသိလား"
"ဟိုကောင်မလေးလား သားကျန့်သူငယ်ချင်းလေ"
"ဒီကိစ္စမှာ သူလည်းပါတယ် "
"သားဝမ် အန်တီ့ကိုပြောပြပါအုန်း"
"ဟုတ်ကဲ့ ဒီကိစ္စ စဖြစ်တာကြာနေပြီ ယန်ဇီကပြဿနာရှာလေ့ရှိတယ် ပြဿနာရှာလိုက် တိုင်း ကျန့်ကောရှေ့မှာမျက်နှာငယ်လေးနဲ့ သူမဟုတ်ကြောင်း ဘူးပေါ်ဘူးဆင့်အောင် ငြင်းတယ် ဒါကိုကျွန်တော်သိတယ့်အပြင် CCTV မှတ်တမ်း ၊ သက်သေထွက်ဆိုသူများလည်းရှိတယ် ကျောင်းအုပ်ဆရာကြီး ပြောရင် ရှောင်ကျန့်ကအယုံကြည်လွယ်တော့ အာဏာပြပြီး သူ့ကိုကာကွယ်ပေးလေ့ရှိတယ် ဒါကြောင့် ကျောင်းအုပ်ဆရာကြီးက တုပ်တုပ်တောင်မလှုပ်ရဲဘူး ကျွန်တော်ကလည်းယန်ဇီဘက်ကရပ်မလားလို့ စောင့်ကြည့်နေပေမဲ့သူကတော့....ဒါကြောင့်ကျွန်တော်လာပြောပြတာပါ ပြီးတော့ ကျန့်ကောကို မှတ်လောက်သားလောက်အောင် သင်ခန်းစာပြချင် တယ် အဲဒါ ပါးနဲ့ အန်ကယ့်အကူအညီလိုတယ် "

I believe in you (zhanyi) {Complete}Opowieści tętniące życiem. Odkryj je teraz