Side Story 1 ❣️Dennis x Jimmy❣️ Part1

Comincia dall'inizio
                                    

(A/N လင်ကြောင့် ကျားကနေကြောင်ဖြစ်သွားပြီ။လင်မယူကြနဲ့နော် ဒါဒါလေးတို့ ကြောင်ဖြစ်သွားမှာစိုးလို့ပါ🤣)

Coffee ဆိုင်တွင်

"Falcao ကျွန်တော်ဒီမှာပါ။လာထိုင်ပါ"

"ဟုတ်ကဲ့အကို"

"အဖြစ်ကဒီလိုပါ Falcao #&#&#&#&"

Dennis ကတော့ဖြစ်သမျှအကုန်ပြောပြလိုက်ပဲ။ ဒါပေမယ့် တော်သေးတယ် Falcao တစ်ယောက်က ဒီလိုဖြစ်မယ်‌ဆိုတာကြိုသိနေလို့ သူ့အချစ်ကလေးကို Jimmyကသူ့ကိုကြိုက်‌ နေတယ်ဆိုတာနဲ့ အကြောင်းစုံကို ကြိုပြောထားလေရဲ့။
(တော်သေးတာပေါ့ ငါကွက်ကျော်မြင်ပြီးကြိုပြောထားလို့။မဟုတ်ရင်ငါတော့သေပြီပဲ)

"အဲ့လိုပါပဲ။အဲ့တာကြောင့် အခု Jimmyဘယ်မှာရှိမလဲသိလား။ကျွန်တော်လိုက်သွားပြီး သူ့ကို အကုန်တောင်းပန်ချင်သလို ဖွင့်လည်းပြောချင်တယ်"

"Jimmy ကဒီနေ့မနက်ပဲ ဂျပန်ကိုထွက်သွားပြီ။ခင်ဗျားဆီက နှောင့်ယှက်တာမခံချင်လို့ဆိုပြီး အလုပ်ပါတခါတည်းထွက်သွားပြီ"

"ဘာ!!!ဘယ်လို!!!တ တကယ်လား။သူအခု ဂျပန်ရဲ့ ဘယ်နေရာမှာရှိလဲပြော‌လို့ ရလား။ကျွန်တော့်အတွက်အရမ်းအရေးကြီးလို့ပါ"

"အကို Dennisရယ်။ခင်ဗျားလိုရုပ်ချောပိုက်ဆံလည်းရှိ မိန်းကလေးတိုင်းကြိုက်တယ့်လူမျိုးက ဘာလို့မိန်းမ‌ ချောချောတွေကိုမရှာဘဲကျွန်‌တော့်အတွင်းရေးမှူးလည်းဖြစ်တယ်။ပြီးရင်ယောက်ျားတ‌စ်ယောက်ဖြစ်တယ့် Jimmy ကိုဘာလို့လက်တည့်စမ်းနေရတာလဲ။သူ့ထက်သာတယ် မိန်းမတွေအများကြီးပါ။ခင်ဗျားအတွက်တော့တညအိပ်ဆိုရင်တောင်မရှားပါဘူး။တခြားသူကိုပဲရှာလိုက်ပါ"

"ဒီမှာ Falcao Jimmy ကမင်းကိုကြိုက်နေပေမယ့် မင်းကသူ့ကိုပြန်မကြိုက်ဘူး။မင်းသာသူ့နေရာမှာ၀င်ပြီး ခံစားကြည့်ကြည့်ပါဦး။ငါက Jimmyကို အပျော်ကြံတာလည်းမဟုတ်ဘူး။Jimmyကယောက်ျားတစ်ယောက်ဖြစ်နေလို့ ယောင်္ကျားလေးချင်းလက်တည့်စမ်းရအောင်လည်းငါက အထက်တန်းကျောင်းသားမဟုတ်ဘူး။ငါသူ့ကိုချစ်မိပြီလို့ထင်တယ့် အချိန်မှာ ငါသေချာစဉ်းစားတယ် ဒါအမှတ်မထင်ရင်ခုန်မှုဖြစ်နေမှာစိုးတာကြောင့် ငါညမအိပ်ဘဲနဲ့တောင် စဉ်းစားထားတယ်။မင်းကြောင့် Jimmy ငိုတိုင်း ငါ့ရင်တွေ အစိတ်စိတ်အမွှာအမွှာ ကွဲကြေပြီး မင်းကိုသတ်ပစ်ချင်လောက်အောင်ဒေါသထွက်တာ။မင်းအတွက် Falin ကတန်ဖိုးရှိသလို Jimmy ကလည်းငါအတွက် အဲ့လိုလူမျိုးပဲ။Jimmyဆိုတာ ငါ့ဘ၀အတွက်ရော ငါ့အသက်ထက်ပါ အရေးကြီးတယ်"

My Brother Or Husband🔞(U+Z)(Complete)Dove le storie prendono vita. Scoprilo ora