" ရောက်ပြီ ဒီအခန်းပါ ကျနော်ကတော့ သခင်လေးအတွက်ခရုဆန်ပြုတ်ပြင်ဆင်လိုက်ပါအုံးမယ် "

" ဟုတ်ကဲ့ပါ "

ပြောပြီး အိမ်တော်ထိန်းအွန်းကထွက်သွားသည်၊ ဂျောင်ကုလဲ အခန်းတံခါးကိုဖွင့်လိုက်တော့ ...။

" အဲ့တာဘာလုပ်နေကြတာလဲ!!! "

" ဟင် ဂျွန် ... "

အော်သံကြောင့်လှည့်ကြည့်လိုက်တော့ဂျွန်၊ ဒါဆို ...။

" မင်ဂျွန်း!! ဖယ် မင်းဘာလုပ်တာလဲ "

" ကိုကို့ကို မင့်အပိုင်ဖြစ်စေချင်လို့ ချစ်တယ်ကိုကို "

" ရူးနေလား မင်ဂျွန်း ငါမင်းကိုမချစ်ဘူး "

" တော်ကြပါတော့ "

မဟုတ်ဘူးမလား၊ ကိုကိုကဒီလိုလူမျိုးမဟုတ်ဘူး ဟုတ်တယ် ငါအခုအိပျမက် မက္နေတာ ပြီးရင်ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာမလား ...။

စိတ်ထဲကနေသာပြောနေပေမဲ့ အပြင်မှာတော့ ကိုကို့ကိုနာကြည်းစွာ ကြည့်ကာ မျက်နှာမှာလဲမျက်ရည်တွေအပြည့် ...။

ထယ်ယောင်းက ဘောင်းဘီတို့ကိုဖြစ်သလိုပြန်ဝတ်လိုက်ပြီး ...။

" ဂျွန် မဟုတ်ဘူး ဂျွန်ထင်သလိုမဟုတ်ဘူး ကိုယ်ရှင်းပြ ... "

" မရှင်းပြနဲ့ မကြားချင်ဘူး အလိမ်အညာစကားတွေထပ်မကြားချင်တော့ဘူး "

" ဂျွန် ~ "

" မုန်းတယ် ကိုကို့ကိုအရမ်းမုန်းတယ်!! "

မင်ဂျွန်းကတော့ အောင်နိုင်သူအပြုံးနဲ့ပွဲကြည့်ပရိတ်သတ်လို အေးဆေးထိုင်ကြည့်နေသည် ...။

" ဂျွန်!!! "

ထွက်ပြေးသွားတဲ့ဂျွန်၊ သူလဲဂျွန့်နောက်ကိုလိုက်သွားလိုက်သည် ...။

" ဂျွန် မသွားပါနဲ့ ... "

သူမနေချင်တော့ဘူး ဒီနေရာမှာ၊ အခုချိန်မှာသူ ကိုကို့ဆီကနေလွတ်မြောက်ချင်တယ် ကိုကိုကသူ့ကိုကစားခဲ့တာ၊ သူကသာချစ်နေခဲ့တာ ဒီရင်ဘတ်ကြီးနာကျင်လွန်းလို့စုတ်ပြတ်သက်နေပြီထင်တယ် ...။

ကိုကို့ကိုအရမ်းမုန်းတယ် ...။

" ဂျွန် မသွားနဲ့ "

လမ်းမကြီးပေါ်ပြေးလွှားနေတဲ့ကောင်လေးနှစ်ယောက်၊ ဂျောင်ကုရှေ့တည့်တည့်ကိုလာနေတဲ့ကားတဈစီးကိုတော့မမွငျ ...။

ကျွီ ဒုန်း !!!

" ဂျွန်!! "

ဂျွန်ရှေ့ရှေ့တည့်တည့်ကိုလာနေတဲ့ကားတစ်စီး၊ သူမျက်လုံးတွေပြာဝေသွားသည်၊ ဂျွန်ကိုကားရှေ့ကနေတွန်းထုတ်လိုက်သည် ...။

နှုတ်ဆက်ခဲ့တယ် ဂျွန်၊ အရမ်းလဲချစ်တယ် ...။

" ကိုကို!!!! "

လွင့်ထွက်သွားတဲ့ ကိုကိုရဲ့ခန္ဓာကိုယ်၊ မဟုတ်ဘူး ...။

" ကိုကို ဟင့် ကိုကိုထပါဦး ကျနော်တောင်းပန်ပါတယ် ဒါတွေအားလုံးကကျနော့်ကြောင့် ကျနော့်ကြောင့် ဟင့်ဟင့် "

အေးစကျစက် ကိုကို့ရဲ့လက်တစ်စုံက သူမျက်ရည်တွေသုတ်ပေးနေသည် ...။

" အဟွတ် အဟွတ် မငိုပါနဲ့ ဂျွန် ခုနကဂျွန်ထင်သလိုမဟုတ်ဘူး အဟွတ် ကိုယ်...ကိုယ် ဆေးခတ်...ခတ်ခံရတာ အဟွတ် ပြီးတော့ အရမ်း...အရမ်းချစ်တယ် ဂျွန် အဟွတ် "

" သိပြီမို့စကားတွေမပြောပါနဲ့ ကိုကိုအားတင်းထားနော် ပြီးရင်ဆေးရုံကားလာတော့မှာ ... "

ကိုကိုကခေါင်းခါပြပြီးပြုံးပြလာတယ် ...။

" ကိုယ်အိပ်ချင်နေပြီ ဂျွန် "

" အိပ်လို့မဖြစ်ဘူး ကိုကို! ကျနော်ကိုချစ်ရင်မအိပ်ရဘူးနော် ဟင့် ဟင့် "

မင်ဂျွန်း ဂျောင်ကုတိုက်ဖို့ရည်ရွယ်ခဲ့ပေမဲ့ သူထင်သလိုမဖြစ်ခဲ့ဘူး၊ သူ့ကိုသိပ်ချစ်တာပဲလား ကိုကို ...။

မင်ဂျွန်း သူကိုယ်တိုင်ပဲ ရဲစခန်းကိုရော ဆေးရုံကားကိုပါ ခေါ်လိုက်သည် ...။

ချစ်တယ် ကိုကိုရယ်၊ ဗီလိန်တွေရဲ့အဆုံးသတ်က အမြဲဒီလိုပါပဲလား ဟက်ဟားဟားဟား ...။

ချောင်းကပ်ကပ်ရယ်ချပြစ်လိုက်သည် ...။

ကြားလိုက်ရတဲ့ ရဲကားသံနဲ့ဆေးရုံကားအသံ ...။

ကိုကို့ရဲ့မျက်လုံးတွေဟာ မှိတ်ကျသွားပြီး သူပါးကိုကိုင်ထားတဲ့လက်အစုံဟာလဲ ေြဖးဖြေးချင်းမြေပြင်ပေါ်သို့ပျော့ခွေကျသွားခဲ့သည် ...။

" ကျနော့်ကိုမထားခဲ့ပါနဲ့ "

TBC

Thank For Reading...

ချောင်းတော့မရိုက်ကြပါနဲ့ 🤧
အစကတည်းက ဇာတ်အိမ်ကိုဒီအတိုင်းလုပ်ဖို့စဉ်းစားထားတာပါ။ 😁😁

HEပါပဲနော် 😚 အချိုတွေလဲမကြာခင်လာတော့မှာပါလို့။ 🤒💙

* Vote and Feedback * 🥺

🚨 I Never Hate You 🚨Where stories live. Discover now