" ဂျွန် မဟုတ်ဘူး ဂျွန်ထင်သလိုမဟုတ်ဘူး ကိုယ်ရှင်းပြ ... "
" မရှင်းပြနဲ့ မကြားချင်ဘူး အလိမ်အညာစကားတွေထပ်မကြားချင်တော့ဘူး "
" ဂျွန် ~ "
" မုန်းတယ် ကိုကို့ကိုအရမ်းမုန်းတယ်!! "
မင်ဂျွန်းကတော့ အောင်နိုင်သူအပြုံးနဲ့ပွဲကြည့်ပရိတ်သတ်လို အေးဆေးထိုင်ကြည့်နေသည် ...။
" ဂျွန်!!! "
ထွက်ပြေးသွားတဲ့ဂျွန်၊ သူလဲဂျွန့်နောက်ကိုလိုက်သွားလိုက်သည် ...။
" ဂျွန် မသွားပါနဲ့ ... "
သူမနေချင်တော့ဘူး ဒီနေရာမှာ၊ အခုချိန်မှာသူ ကိုကို့ဆီကနေလွတ်မြောက်ချင်တယ် ကိုကိုကသူ့ကိုကစားခဲ့တာ၊ သူကသာချစ်နေခဲ့တာ ဒီရင်ဘတ်ကြီးနာကျင်လွန်းလို့စုတ်ပြတ်သက်နေပြီထင်တယ် ...။
ကိုကို့ကိုအရမ်းမုန်းတယ် ...။
" ဂျွန် မသွားနဲ့ "
လမ်းမကြီးပေါ်ပြေးလွှားနေတဲ့ကောင်လေးနှစ်ယောက်၊ ဂျောင်ကုရှေ့တည့်တည့်ကိုလာေနတဲ့ကားတစ်စီးကိုေတာ့မမြင် ...။
ကျွီ ဒုန်း !!!
" ဂျွန်!! "
ဂျွန်ရှေ့ရှေ့တည့်တည့်ကိုလာနေတဲ့ကားတစ်စီး၊ သူမျက်လုံးတွေပြာဝေသွားသည်၊ ဂျွန်ကိုကားရှေ့ကနေတွန်းထုတ်လိုက်သည် ...။
နှုတ်ဆက်ခဲ့တယ် ဂျွန်၊ အရမ်းလဲချစ်တယ် ...။
" ကိုကို!!!! "
လွင့်ထွက်သွားတဲ့ ကိုကိုရဲ့ခန္ဓာကိုယ်၊ မဟုတ်ဘူး ...။
" ကိုကို ဟင့် ကိုကိုထပါဦး ကျနော်တောင်းပန်ပါတယ် ဒါတွေအားလုံးကကျနော့်ကြောင့် ကျနော့်ကြောင့် ဟင့်ဟင့် "
အေးစက်စက္ ကိုကို့ရဲ့လက်တစ်စံုက သူမျက်ရည်တွေသုတ်ပေးနေသည် ...။
" အဟွတ် အဟွတ် မငိုပါနဲ့ ဂျွန် ခုနကဂျွန်ထင်သလိုမဟုတ်ဘူး အဟွတ် ကိုယ်...ကိုယ် ဆေးခတ်...ခတ်ခံရတာ အဟွတ် ပြီးတော့ အရမ်း...အရမ်းချစ်တယ် ဂျွန် အဟွတ် "
" သိပြီမို့စကားတွေမပြောပါနဲ့ ကိုကိုအားတင်းထားနော် ပြီးရင်ဆေးရုံကားလာတော့မှာ ... "
BINABASA MO ANG
🚨 I Never Hate You 🚨
♡ Part - 8 ♡
Magsimula sa umpisa