第九集

22 3 0
                                    


ဒီလိုနဲ့ ရှောင်းကျန့် ဆေးရုံကိုသုံးလလောက်ပြန်တက်လိုက်ရသည်။
သုံးလလုံးလုံး ရိပေါ်ရော ရှောင်းရီတို့က ရှောင်းကျန့်ဘေးမှာ အချိန်ပြည့်ရှိနေပေးခဲ့ကြသည်

ရှောင်းကျန့်ရဲ့ဆေးစစ်ချက်ရလဒ်ကလည်း ပိုကောင်းလာခဲ့သည်၊ ကားမောင်းတာကိုတော့ ဖြည်းဖြည်းချင်း လုပ်လာတာ ရှောင်းကျန့် မြို့တစ်ပတ်
ပတ်လို့ရသည်အထိ တိုးတက်လာခဲ့သည်။

ရှောင်းကျန့်က ရိပေါ်ကိုမိတ်ဆက်ပေးတော့ ရှောင်းကျန့်အမေက သဘောကျပေမဲ့ ရှောင်းကျန့်အဖေကတော့ ဘာမှမပြောခဲ့ပေ၊ ရှောင်းကျန့်
ဆေးရုံဆင်းပြီးနောက်မှာတော့ လက်ခံပေးခဲ့သည်။

တစ်ရက်မှာ ရိပေါ်က ရှောင်းကျန့်ကို အပြင်ခေါ်လာခဲ့သည်၊ ပြီးတော့ မော့ရန်လည်း ရောက်လာခဲ့သည်

" ကိုကို ခွှင့်လွှတ်တယ် မလွှတ်ဘူးကို ကိုကိုအဆင်ပြေသလိုလုပ် ဒါမဲ့ သူ့ဆီကတောင်းပန်တာကို
ကျွန်တော်လိုချင်လို့ ခုလိုတွေ့ဖို့လုပ်လိုက်တာ "

" အင်းပါ ငါတွေ့လိုက်ပါ့မယ်  "

ရိပေါ်နဲ့ပြောပြီးတော့ ရှောင်းကျန့်က မော့ရန်ရှေ့မှာရပ်လိုက်သည်

" ရှောင်းကျန့် မင်းရဲ့ဒဏ်ရာအတွက် စိတ်မကောင်းပေမဲ့
ဆေးရုံဆင်းလာတာကိုတော့ ဝမ်းသာပါတယ် "

" အင်း "

" ပြီးတော့ ငါ ပြန်သွားတော့မယ် ဒီမှာဆက်ရှိနေရင်
မင်းကို အားနာလို့ အဲ့တုန်းက ငါ့ရဲ့လုပ်ရပ်ကို နောင်တရနေပါပြီ ခုမှ ဒီလိုတွေပြောနေလို့ ဘာမှမထူးတော့ပေမဲ့ ငါ့ရဲ့စိတ်ရင်းပါ

ငါ တောင်းပန်ပါတယ် ရှောင်းကျန့်၊ မရည်ရွယ်ခဲ့ပေမဲ့ မင်းထိခိုက်သွားခဲ့ရတာ ခုမှမင်းအခြေအနေကိုသိလိုက်ရတော့ ထပ်ပြီးတော့ တောင်းပန်ပါတယ် "

ရှောင်းကျန့်က ဘာမှမပြောပဲ နားထောင်နေခဲ့သည်၊
မျက်ရည်တွေဝဲလာပေမဲ့ မော့ရန်ကို မျက်နှာလွှဲလိုက်သည်

" တကယ်တော့ ငါ အားကျခဲ့တာ ဘာမဆို
အဆင်ပြေနေတဲ့မင်းကို၊ နောက်တော့ အဲ့ဒီအားကျတဲ့စိတ်က ပြောင်းလဲပြီးတော့ ဒီအခြေအနေထိရောက်လာခဲ့တယ် တကယ်ကိုစိတ်ရင်းနဲ့ တောင်းပန်ပါတယ် "

If we're bad person in someone's memoryWhere stories live. Discover now