第三集

30 2 0
                                    

Xiao Fashion

ရိပေါ် ၏ အလုပ်ဝင်သော ပထမဆုံးရက်ဖြစ်သည်။ ဌာနမှူးဆိုသူက ဝန်ထမ်းများနှင့် မိတ်ဆက်ပေးပြီး

" ရိပေါ် မင်းကို trainပေးမဲ့သူက ခွင့်ယူထားလို့ မနက်ဖြန်မှ လာလိမ့်မယ်၊ ဒီနေ့တော့ တစ်ခြားသူတွေကိုပဲ ကူညီပေးလိုက် ဟိုမှာ လွတ်နေတဲ့စားပွဲကို မင်းယူလိုက် "

"ဟုတ်ကဲ့ "

ရိပေါ် အစ်ကို အစ်မတွေကိုကူရင်းနှင့်ပင် တစ်နေ့ ကုန်သွားခဲ့သည်။

ရှောင်းကျန့် တစ်ရက်အိမ်မှာ နားလိုက်သည်။ ထောင်ထားသည့် စကိတ်ဘုတ်ကိုကြည့်ရင်း

"ရုံးကိုယူသွားရမလား ထားခဲ့ရမလား မဟုတ်သေးပါဘူး ကောင်လေးနဲ့က ဘယ်တော့တွေ့မလဲမှမသိတာ ကောကားထဲမှာတစ်ခုထည့်ထားပြီး ငါတစ်ခုကိုရုံးယူသွားရမယ် "

နောက်တစ်နေ့မနက်

ရိပေါ် ရုံးစောစောလာပြီး သန့်ရှင်းရေးလုပ်ပြီး အကုန်လုံးအတွက် ကော်ဖီဖျော်ရန် နားနေခန်းဖက်သို့ ထွက်သွားလိုက်သည်။ ရှောင်းကျန့် အဝင်ဝတွင် ဌာနမှူးနှင့်တွေ့သောကြောင့် ဓာတ်လှေကားတူတူစီးလာခဲ့လိုက်သည်။

" ဌာနမှူး ကျွန်တော် intern ကိစ္စကိုတာဝန်ယူမယ်ဆိုပြီး ခွင့်ယူလိုက်ရတာ၊ အင်တာဗျူးကိုလည်း ဌာနမှူးပဲလုပ်လိုက်ရတယ်ဆို အားနာပါတယ် "

"အေးပါ သိရင်ရပြီ သူရောက်ရင် ငါမင်းနဲ့ မိတ်ဆက်ပေးမယ် "

ရှောင်းကျန့်တို့ စကားပြောရင်း ရုံးခန်းထဲအဝင် ကော်ဖီဗန်းသယ်လာတဲ့ရိပေါ်နှင့်တန်းတွေ့လေသည်

"မင်းလား "

"ခင်ဗျားဖြစ်နေတာလား"

"ဘာလဲ မင်းတို့ သိနေကြတာလား၊ ကောင်းတယ် အဆင်ပြေသွားတာပေါ့ မန်နေဂျာရှောင်း ဒါငါမိတ်ဆက်ပေးမယ်ဆိုတဲ့ internက သူပဲ ဝမ်ရိပေါ် တဲ့၊ ရိပေါ် ဒါက မင်းရဲ့internအတွက် ထရိန်နာ ရှောင်းကျန့်တဲ့ ကျန်တာမင်းတို့ ဆက်ပြောလိုက်တော့ ငါလုပ်စရာရှိသေးလို့ "

ရိပေါ်တို့နှစ်ယောက်လုံးအံ့ဩသွားရသည်၊၊ မထင်မှတ်ပဲ တွေ့လိုက်ရသောကြောင့် ရှောင်းကျန့်ပိုဝမ်းသာသွားသည်၊ ရိပေါ်လက်ထဲက ကော်ဖီဗန်းကိုယူကာ စားပွဲပေါ်တင်လိုက်ပြီး ချက်ခြင်း ယူလာတဲ့ စကိတ်ဘုတ်ကို ထုတ်ပေးလိုက်သည်။

If we're bad person in someone's memoryWhere stories live. Discover now