第六集(Zawgyi)

24 1 0
                                    

" မော့ရန်..."

ရှောင်းကျန့် တကယ်ကို အံ့သြသွားသည်။

" တကယ်ပဲမင်းကို နာမည်သာခေါ်လိုက်ပေမဲ့ ဟုတ်ပါ့မလားဆိုပြီးထင်နေတာ"

မော့ရန်က ဘာကိစ္စမှမရှိခဲ့သလိုပြုံးပြီး နှုတ်ဆက်သည်။

ရိပေါ်လည်း နာမည်ကြားလိုက်နှင့်အံ့သြပြီး ရှောင်းကျန့်၏မျက်နှာရိပ်ကိုပဲ သတိထားနေသည်၊
ရိပေါ်က ရှောင်းကျန့်လက်ကိုဆွဲထားတာကြောင့် ရှောင်းကျန့်လက်တုန်နေတာကို ခံစားမိသည်။

ရှောင်းကျန့်က ချက်ခြင်းပြန်မလို့လုပ်ပေမဲ့ ဌာနမှူးက
ခေါ်တာကြောင့် ရပ်လိုက်သည်။

" ရှောင်းကျန့် နေဉီး ဒီမှာရော့ မင်းဖုန်း အခန်းထဲမှာကျန်ခဲ့လို့ ဟော မော့ရန်လည်းရှိနေတာလား အတော်ပဲ ရှောင်းကျန့် ဒါဒီတစ်ခေါက် ပရော့ဂျက်ရဲ့ခေါင်းဆောင် မော့ရန် "

ဌာနမှူးက မိတ်ဆက်ပေးပြီး မော့ရန်က လက်ဆွဲနှုတ်ဆက်ဖို့ပြင်လိုက်သည်

ရှောင်းကျန့် ပိုအံ့သြသွားပြီး မျက်နှာလည်းမကောင်းတာကြောင့် ရိပေါ်က အခြေအနေကို ဝင်ထိန်းလိုက်သည်။

" တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်က ဝမ်ရိပေါ် စီနီယာရှောင်းကျန့်ရဲ့လက်ထောက်ပါ ဒါဆို ကျွန်တော်တို့ကို ခွင့်ပြုပါဉီး "

ရိပေါ်က နှုတ်ဆက်ပြီး ရှောင်းကျန့်ကိုခေါ်လာခဲ့လိုက်သည်။

ရုံးအပြင်ရောက်တော့ ရှောင်းကျန့်က ခုံတန်းမှာထိုင်လိုက်သည်၊ ရိပေါ်လည်း ဘာမှမမေးပဲ ငြိမ်ငြိမ်လေး ရှောင်းကျန့်ကိုငေးကြည့်နေသည်။
တော်တော်ကြာမှ ရှောင်းကျန့်က စကားစပြောသည်။

" ဘာဖြစ်လို့လည်းလို့ မင်းမမေးဘူးလား ငါဘာလို့မျက်နှာ
ပျက်သွားတာလည်းလို့ မင်းမသိချင်ဘူးလား ရိပေါ်  "

" မမေးပါဘူး ကောမပြောဘူးဆို ကျွန်တော်လည်းမသိချင်
ပါဘူး ဘာကိစ္စဖြစ်ဖြစ် ဒါပေမဲ့ ကောပြောချင်ရင် ကျွန်တော်နားထောင်ပေးမယ် "

ရှောင်းကျန့်က ရိပေါ်ကိုကြည့်လိုက်ပြီး

" ဝမ်ရိပေါ် မင်းအဲ့လိုသဘောကောင်းနေရင် ဘယ်လိုလုပ်မလဲ ဟမ်  "

If we're bad person in someone's memoryWhere stories live. Discover now