第七集

28 1 0
                                    


ဆေးရုံကို သွားနေပေမဲ့ ရှောင်းကျန့်စိတ်တွေလေးလံနေသည် ၊ အရင်တစ်ခေါက်လာတုန်းက ဦးလေးဝူ ​ပြောခဲ့သည့်စကားကိုပဲ ကြားနေမိသည်။

ဦးလေးဝူက ရှောင်းကျန့်တို့ရဲ့ မိသားစုဆရာဝန်ဖြစ်တာ
ကြာပြီဖြစ်သည်၊ ရှောင်းကျန့်ရဲ့ခေါင်းဒဏ်ရာကို ဦးလေးဝူက မင်္သကာဖြစ်နေသည် ဒါကို ရှောင်းကျန့်သိသည် ရှောင်းရီက ဒီတစ်ခေါက်ဆေးရုံ လာတုန်း ပြောပြဖို့ အကြံပေးသည်။ ဦးလေးဝူသိရင်
အဖေသိသွားဖို့က အနှေးနဲ့အမြန်မလို့ ရှောင်းကျန့်ကပြောဖို့ ပိုတွေဝေနေသည်

" ကျန့်ကျန့် မင်း ဦးလေးဝူကို ပြောပြရင်ကောင်းမယ် ဒါမှ
ဆေးကုရင် ပိုပြီးထိရောက်မယ်မဟုတ်လား ဟင် "

" အင်း ကျွန်တော် စဥ်းစားနေပါတယ် ကော "

ဆေးရုံရောက်တော့ ဦးလေးဝူက ရှောင်းကျန့်ကို အလုပ်ပြန်လုပ်လို့ ဆူပူသည်

" ရှောင်းကျန့် မင်းကွာ ဦးလေးဒီလောက်ပြောထားတာကို
နားမထောင်ဘူး အရင်တစ်ခါတည်းက ဆေးရုံတက်ခိုင်းလိုက်ရမှာ ခုပြပြီးရင် တစ်ခါတည်းတက်တော့ ဟုတ်ပြီလား ပြီးတော့ ရှောင်းကျန့် မင်းက ချော်လဲလို့ဆိုပေမဲ့ ဦးလေးတော့မယုံဘူး ဘယ်လိုလဲ မင်း ပြောပြချင်ပြီလား ဦးလေးကို  "

ရှောင်းကျန့်က အသက်ကိုပြင်းပြင်းရှူလိုက်သည်

" တကယ်တော့ကျွန်တော် လွန်ခဲ့တဲ့ငါးနှစ်က
မော့ရန်နဲ့ ရန်ဖြစ်ပြီးရခဲ့တဲ့ဒဏ်ရာပါ ချော်လဲတာဟုတ်ပေမဲ့ ခေါင်းက စားပွဲနဲ့ဆောင့်မိသွားတာပါ ဦးလေးဝူ "

" မင်းရဲ့ အရင်ရည်းစား မော့ရန်လား  "

ဦးလေးဝူပြောတာကို ရှောင်းကျန့်အံ့သြသွားသည်။

" ဦးလေးဝူ သိနေခဲ့တာလား  "

" မင်းအဖေနဲ့ စကားပြောရင်းသိကြတာပါ ၊ မင်းက အဲ့ကောင်လေးနဲ့တူတူနေဖို့ မင်းအဖေနဲ့အတိုက်အခံလုပ်တယ်ဆို ဘယ်လိုဖြစ်ကြတာလဲ  "

" ဒီအတိုင်း ကတောက်ကဆလေးပါပဲ ဦးလေးဝူ အိမ်ကိုဘာမှမပြောပါနဲ့ဦး အမေသိသွားရင် ဝမ်းနည်းနေမှာ အဖေရောပဲ "

If we're bad person in someone's memoryWhere stories live. Discover now