နိုဝင်ဘာလကိုရောက်နေပြီဖြစ်တာမို့ ရာသီဥတုက အအေးဘက်ကို ကူးပြောင်းလာလျက်။ ကျန်းယွမ်ပိုင်က မနက်ခင်းမှာ ချင်ယင်းရဲ့တံခါးခေါက်သံကြားပြီး နိုးလာလေသည်။
“သားတို့အခု ဆောင်းရာသီကျောင်းဝတ်စုံကိုဝတ်ကြတော့နော်။ ယိုရှို့?”

ကျန်းယိုရှို့က ပြန်ဖြေတော့ ချင်ယင်းက ကျန်းယွမ်ပိုင်ကိုလည်း အော်ခေါ်လာသည်။
“ချုံးမင်?”

“ကျွန်တော်သိပြီ ” ကျန်းယွမ်ပိုင် အိပ်ရာထဲကထွက်လိုက်၏။

ချင်ယင်းက လွန်ခဲ့တဲ့ရက်အနည်းငယ်ထဲက သူ့တို့ရဲ့ဆောင်းရာသီဝတ်စုံတွေကို လျှော်ပြီး အခြောက်ခံကာ သူတို့ဗီရိုအံဆွဲတွေထဲမှာ ထည့်ပေးထားပြီးဖြစ်လေသည်။ ကျန်းယွမ်ပိုင်က အဝတ်အစားတွေလဲလိုက်ပြီး ကျန်းယိုရှို့ကို ခေါ်ရန် လျှောက်သွားလိုက်သည်။ ယိုရှို့က အိပ်မောကျပြီး ဟောက်နေဆဲဖြစ်ကာ အိပ်ရာထဲတွင် မိနစ်အနည်းငယ်လောက်အပိုထပ်နေလို့ရအောင် ကြိုးစားနေလျက်။

ကျန်းယွမ်ပိုင်မှာ ရွေးချယ်စရာမရှိတော့ဘဲ ကိုယ့်ဘာသာကိုယ် ဘတ်စ်ကားမှီအောင်သွားရတော့၏။

ယနေ့၌ ရာသီဥတုက အေးနေလေပြီး ကျန်းယွမ်ပိုင် အဆောက်အအုံအပြင်ကို ထွက်မိတဲ့အခိုက်မှာပဲ သ့ူကျောင်းဝတ်စုံကော်လံကို လည်ပင်းထိရောက်အောင် ဆွဲလိုက်လေ၏ သို့သော်ငြား ယင်းက သူ့ကို ပိုမိုနွေးထွေးလာအောင် အနည်းငယ်မျှတောင်မှ ကူညီမပေးနိုင်ခဲ့။ သူ ကားဂိတ်ဆီပြေးသွားလိုက်ပြီး ဘုတ်ပြားနောက်မှာကွယ်ကာ ကားလည်းစောင့်ရင်း သူ့ကိုယ်သူလည်း လေတိုက်တာကနေ ကာထားလိုက်သည်။ အဲ့အချိန်မှာပဲ ရုတ်ခြည်းဆိုသလို သူရင်းနှီးနေတဲ့အသံကို ကြားလိုက်ရသည်
“ မင်းဘာလို့အဲ့မှာပုန်းနေတာလဲ? ဘာလို့ အဝတ်ကို ဒီထက်ပိုပြီးထူထူမဝတ်ခဲ့တာလဲ? ”

သူမော့ကြည့်လိုက်ရာ ရှီပုဖန်ကို မြင်လိုက်ရတော့ အံ့အားသင့်သွားရ၏။

“ မင်းကဘာလို့ဒီရောက်နေရတာလဲ?”

“ ဒီရက်ပိုင်းပိုပိုပြီးအေးလာတယ်လေ။ အာ့ကြောင့်မို့ ငါအနွေးဓာတ်လေးယူဖို့လာတာ”ရှီပုဖန်က ပြုံးပြလိုက်ပြီး သူ့ကို မနက်စာပေးကာ စကားဆိုလိုက်သည်
“ မင်းမနက်စာမစားရသေးဘူးမလား? ”

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Where stories live. Discover now