Zawgyi //
" ကြိုဆိုပါ.. hum.. ! ထပ်ပြီး ခင်ဗျားပဲလား "
ဆိုင်တံခါးဝကဝင်လာသူဟာ ထပ်ပြီးထိုလူဖြစ်နေခဲ့ပြန်သည် ။ အရင်အတိုင်းမပြောင်းလဲတဲ့မျက်နှာထားနဲ့ မပြောင်းလဲတဲ့အပြုအမူတွေပါပဲ ။ ညတုန်းကခဏတာစိတ်ပူပေးမိတဲ့ ကိုယ့်စိတ်ကိုတောင် မုန်းလိုက်မိသည် ။
" Good morning .. မောင် ။ ညကကောင်းကောင်းအိပ်ပျော်ရဲ့လား "
" ခင်ဗျား ကျွန်တော့်ဆိုင်ကကော်ဖီကိုကြိုက်လို့လာတာလား ။ မဟုတ်ရင်.... ကျွန်တော်နဲ့ရန်ဖြစ်ရတာကိုသဘောကျနေတာလား "
" မောင့်ကိုသဘောကျလို့ မောင်နဲ့ပက်သက်တဲ့ကော်ဖီကိုကြိုက်တာ "
" ကျွန်တော်ကတော့ ခင်ဗျားကိုနည်းနည်းလေးမှသဘောမကျဘူး "
မစဉ်းစားဘဲနဲ့များလွယ်လွယ်လေးပြောထွက်တဲ့မောင့်နှုတ်ခမ်းပါးလေးက စောစောစီးစီးနှလုံးသားကိုနာကျင်စေလိုက်တာ ။
" မောင့်အဖြေကမစောလွန်းဘူးလား "
" နောက်ကျလည်းဒီအဖြေပဲမို့ မျှော်လင့်မနေနဲ့ "
" မောင် နောင်တရလိမ့်မယ်ထင်တယ် "
" ခင်ဗျားကော်ဖီယူမှာလား ။ မယူရင်လည်း ဒီတိုင်းပဲအလိုရှိရာကိုသာသွားပါတော့ ။ ကျွန်တော့် customer တွေလာတော့မှာမို့ "
မောင် အများကြီးပြောင်းလဲသွားတယ် ။ အရင်ကဆို မောင်ကသူ့ကိုအရိပ်တကြည့်ကြည့် ကြည့်နေခဲ့တာ ။
" အမေရိကာနိုပဲပေးပါ "
မောင့်ရဲ့ခါးသက်ခြင်းတွေကို မောင်ကိုယ်တိုင်ဖျော်ပေးတဲ့အမေရိကာနိုလေးနဲ့မျှောချလိုက်ရင်တော့ ကိုယ်အဆင်ပြေမှာပါ ။
"Oh gid !!!! ဂင်ထယ်ယောင်းကြီးဟ... "
ဆိုင်ရှေ့ကနေ သူ့နာမည်ကိုအံ့သြခြင်းကြီးစွာအော်လိုက်တဲ့အသံကြောင့် နောက်ကိုလှည့်ကြည့်မိတော့ အထက်တန်းကျောင်းသူလေးသုံးယောက် ။
" oh my god !! တကယ်ကြီးဟ ။ အား... ထယ်ယောင်းအိုပါးးးးး !! "
ဆိုင်အတွင်းကိုပြေးဝင်လာတဲ့ကလေးမလေးသုံးယောက်ကို ပြုံးပြီးနှုတ်ဆက်ရုံအပြင်သူဘာမှမတတ်နိုင်တော့။