" ကျွန်တော် အမြန်ဆုံးလက်ထပ်နိုင်အောင် ကြိုးစားပါ့မယ်ပါပါး "

..............

ရှောင်းကျန့်ကုတငိပေါ်မှာ ငြိမ်ပြီးထိုင်နေတဲ့ဝမ်ရိပေါ်။ရှောင်းကျန့်ကတော့ အလုပ်လုပ်ရင်း ကုတင်ဘေးကခုံလေးမှာ ဝီးချဲလေးနဲ့ရှိနေခဲ့သည်။

ရှောင်းကျန့်ဟာ မနက်ဖန် meeting အတွက် အလုပ်လုပ်နေရင်း ဝမ်ရိပေါ်ကို တစ်ချက် တစ်ချက်လှမ်းငေးကြည့်တော့ တစ်စုံတစ်ခုကို သေချာတွေးနေပုံပေါက်တဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် သဘောကျစွာရယ်လိုက်သည်။

တစ်ကယ်ပဲ ကောင်လေးငယ်ငယ်ဟာ သိပ်ကိုချစ်ဖို့ကောင်းလွန်းတယ်။ ရှောင်းကျန့် ကောင်လေးငယ်ငယ်ကို ချစ်လို့သာ ချစ်နေရတာ ကောင်လေးငယ်ငယ်ဟာ ဘယ်နေရာမှ မိန်းမဆန်တဲ့ နူးညံ့မှုမျိုးမရှိ။ သူ့အတွက်ဆိုပြီး သီးသန့် လိမ္မာပေးတာ တစ်ခုပဲရှိတယ်။ ကောင်လေးငယ်ငယ်က သန်မာတယ်။ ယောကျာ်းဆန်တဲ့ ခန္ဓာကိုယ်အချိုးအစားရှိတယ်။ နေ့တိုင်း သူ့ခန္ဓာကိုယ်ကြီးကို ချီမနေရတာကြောင့် ယခုနောက်ပိုင်းဆို ကောင်လေးငယ်ငယ်ရဲ့ ခန္ဓာကိုယ်က ယခင်ကထက်တောင်ပိုပြီး တောင့်တင်းလာသေးတယ်လေ ။ အခုလည်း ရှောင်းကျန့်ကုတင်ပေါ်မှာ ကုတင်နောက်မှီကိုထိုင်ပြီး ငြိမ်နေတဲ့ ကောင်လေးငယ်ငယ်ကို ကြည့်ရတာ နူးညံ့မှုရှိမနေခဲ့ပေ။ ကျားကျားယားယားကြီးနဲ့ ထိုင်နေလိုက်တာ ကာယားကြီး။ ဒါကို ဘာကြောင့် ရှောင်းကျန့် တစ်ကယ်ကြီး နူးညံ့စွာ ချစ်မိသွားလဲမသိပါ။ ဒါပေမယ့် ကောင်လေးငယ်ငယ်သည် သူ့အောက်မှာရှိနေချိန်တိုင်း သူ့အတွက် သီးသန့်နူးညံ့မှုလည်း ပေးတက်သေးသည်။

" ငယ် "

" ဗျာ ကိုကို "

ရှောင်းကျန့်ခေါ်လိုက်သံကိုကြားတဲ့ ကောင်လေးငယ်ငယ်ဟာ ချက်ချင်းထူးပြီး ရှောင်းကျန့်ဘက်လှည့်ကြည့်လာခဲ့သည်။ ရှောင်းကျန့်သည် သူ့ကိုလှည့်ကြည့်လာတဲ့ ကောင်လေးငယ်ငယ်ဘက်ကို လက်လေးနှစ်ဖက်ဆန့်တန်းပြလိုက်သည်။ သူ့ကို ခေါ်ပါဆိုတဲ့ ပုံစံလေးပေါ့ ။

" ကိုကို အလုပ်ပြီးသွားတာလား "

" အင်း ဟုတ်တယ်ငယ် "

Love is Blind ( Completed  )Dove le storie prendono vita. Scoprilo ora