သနားစရာ LeeDonghyuck လေးဟာ သုံးယောက်လုံးဆီက ဘောပင်နဲ့အခေါက်ခံလိုက်ရတယ်။

" ငါ့ကို အနိုင်ကျင့်ကြပြန်ပြီ ! "

" ဟေး အတန်းရှေ့က လေးယောက် ၀င်လာခဲ့ကြစမ်း ငါမမြင်ဘူးလို့ထင်နေလား "

အခန်းထဲက ဟိန်းခနဲထွက်လာတဲ့ ဆရာ Doyoung ရဲ့ အသံကြောင့် လေးယောက်လုံး ဇာက်ကလေးတွေပုသွားရတယ်။
ပြီးတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ငါတို့တော့ သေပြီ ဆိုတဲ့ မျက်နှာပေးတွေနဲ့ ။

အကုန်လုံး လွယ်အိတ်လေးတွေပိုက်ပြီး မျက်နှာငယ်လေးတွေနဲ့ အခန်းထဲဝင်လာကြတယ်။
နေရာအကျယ်ကြီးကိုတောင် တစ်ယောက်နဲ့တစ်ယောက် ပူးကပ်ပြီး တံတောင်နဲ့တွတ်နေကြတဲ့ လေးယောက်ပါပဲ။

ပါးစပ်ကလည်း ...
" မင်းကြောင့်တွေ့တာ မင်းကြောင့်ဖြစ်တာ " ဆိုပြီး တစ်ယောက်တစ်ပေါက်ပြောနေကြသေးတယ်။

" ကဲ တိတ် ! မင်းတို့လေးယောက်လေ နေ့တိုင်းပဲ ဘာလို့ ကျောင်းနောက်ကျနေကြတာလဲ ဟမ် တစ်ရက်လောက်ဖြစ်ဖြစ် စောပြီးလာရင် ဘာလဲ ကိုရီးယားမှာ ဘုရားပွင့်သွားမှာစိုးလို့လား "

လေးယောက်လုံးကတော့ လာပြန်ပြီ ဆိုပြီး မျက်နှာတွေ ရှုံ့မဲ့ပြီး ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ နားထောင်နေကြပေမယ့် တခြား အတန်းထဲက လူတွေကတော့ စာဆက်မသင်ရတော့ဘူး ဆိုပြီး ပျော်နေကြတော့သည်။

" ကျောင်းသားဆိုတာ တစ်ရက်ကို ၈နာရီ အနည်းဆုံး အိပ်ရတယ်ကွ
ပြီးရင် မနက်ကို စောစောထ အဲ့တာမှ ဥာဏ်ရည်တိုးတက်ပြီး .. "

* Teee! *

" ဟမ် ငါ့အချိန်ကုန်ပြီလား "

" ဟုတ် !!!! "

၄၅မိနစ်မှာ တစ်ဝက်ကျော်လောက်က သူတို့ကို တရားဟောနေတာလေ။ အဲ့တာကိုတောင် အာမညောင်းဘူးလားမသိဘူး။ ဒီဆရာ တော်တော်စကားများ ။

" အပြစ်ဒဏ်က မုန့်စားဆင်းရင် ရုံးခန်းကို သန့်ရှင်းရေးလာလုပ် ကြားလား လေးယောက်လုံး "

" ဟုတ် ~ "

လေးယောက်လုံးဆီက စိတ်ညစ်စွာနဲ့ ထွက်လာတဲ့ အသံက တိုးလျလျ

• p r e m i è r e • [ Complete ]Where stories live. Discover now