အထက်တန်း စာသင်ခန်းတစ်ခန်းရဲ့ တံခါးအကွယ်နားမှာ ကောင်လေး လေးယောက်က ကုန်းကုန်းကွကွနဲ့ စာသင်ခန်းထဲကို ချောင်းနေကြတယ်။

စာသင်ခန်းထဲမှာတော့ သချာင်္ဆရာဖြစ်တဲ့ Doyoung က အတန်းသားတွေကို စာသင်နေလေတယ်။

ထိုအခန်းရှေ့က ကောင်လေး လေးယောက်ကတော့ သေချာပေါက်ကို HuangRenjun, LeeJeno, NaJaemin နဲ့ LeeDonghyuck တို့သာဖြစ်တယ်။
အထက်တန်းနှစ်ရဲ့ ကျောင်းအနောက်ကျဆုံးဆုကို လတိုင်း ဆွတ်ခူးကြတဲ့ လေးယောက်ပေါ့။

လေးယောက်လုံးက ကျောင်းသာနောက်ကျတာ စာကြ သူ့နေရာနဲ့သူတော့ တော်ကြသား။
အဲ့ဒါကြောင့် ဆရာမတွေကလည်း တစ်ခုခုဆို စာတော်တဲ့ကျောင်းသားတွေမို့ ခွင့်လွှတ်ပေးကြသည်လေ။

ဒါပေမဲ့ အခု သူတို့ရင်ဆိုင်ရမှာက သချာင်္ဆရာ KimDoyoung နဲ့ .. ။
ဆရာ Doyoung က အရပ်သာရှည်တာ စိတ်က လက်တစ်ဆစ်
စကားဆိုလည်း တစ်ခါပြောပြီးရင် မပြီးတော့ဘူး။ ပွစိပွစိနဲ့ဆက်ပြောနေရော။

အဲ့တာကြောင့် သူတို့မှာ ဆရာ Doyoung အချိန် မနက်ပိုင်းကျရင်
အတတ်နိုင်ဆုံး မနောက်ကျအောင်လာရတယ်။
မဟုတ်ရင် မပြီးဆုံးနိုင်တဲ့ တရားတွေနားထောင်ရင်း နတ်ပြည်ရောက်သွားလောက်တာမို့ :"(

အခုလည်း မနက်ပိုင်း ဆရာ Doyoung အချိန်မို့ အကုန်လုံး သေချာလေး စောစောထွက်လာကြဖို့ တိုင်ပင်ထားပေမယ့် ဂိမ်းအဆော့လွန်ပြီး မနက်ကျောင်း၈နာရီသွားရမှာကို ၆နာရီခွဲမှအိပ်လိုက်တဲ့ LeeJeno ကို နှိုးနေရတာနဲ့ နောက်ကျသွားတော့တာပါပဲ။

သူတို့လည်း ဆရာ Doyoung ရဲ့ တရားတွေမနာချင်တာနဲ့ ၄၅မိနစ်လုံး အခန်းရှေ့ကုတ်ချောင်းကုတ်ချောင်းနဲ့ စောင့်နေဖို့ ဆုံးဖြတ်လိုက်ကြတော့တာပါပဲ။
အခွင့်ရရင်တော့ အတန်းထဲ တတ်တိတ်လေးခိုးဝင်ကြဖို့လည်း စီစဉ်ထားကြသေးရဲ့။

" ဟေ့ကောင် ငါ့ဘက်အတင်းမတိုးနဲ့လို့ "

" မင်းတို့က အခန်းထဲရောက်သွားပြီး ငါကျန်နေခဲ့ရင် ဘယ်လိုလုပ်မလဲကွ ! "

" တိုးတိုးနေစမ်း LeeDonghyuck မင်းအသံကြောင့် အကုန်သေကုန်တော့မယ် "

• p r e m i è r e • [ Complete ]Where stories live. Discover now