ဒီလူကြီးကတော့ ရှက်ပါတယ်ဆို ဆက်တိုက် ကြည့်နေတော့တာပဲ အဟွန်း > // <

" ကဲ မင်းတို့လည်း မြန်မြန်သန့်ရှင်းရေးလုပ်ပြီး မုန့်သွားစားကြတော့လေ "

" Nae ! "

သန့်ရှင်းရေးလုပ်နေတဲ့ တစ်လျှောက်လုံးလည်း ဆရာ Taeil နဲ့ စကားပြောနေတဲ့ ထိုလူသားကို သူ့မှာ ဆက်တိုက်ငေးကြည့်နေမိတယ်။

စာကြည့်ဖို့ဆို တပ်ထားတဲ့ မျက်မှန်လေးနဲ့ အရမ်း ကြည့်ကောင်းနေတော့တာပဲ။

မျက်မှန်အောက်က မျက်လုံးဝိုင်းဝိုင်းလေးတွေကို မြင်ရတာ သူတော့ ရူးဖို့လုံလောက်ပြီ။ အချစ်က မျက်မှန်လေးနဲ့ !!

Canteen ရောက်တော့လည်း သူ့မှာ အဲ့ဒီ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ အပြုံးလှလှလေးတွေကို အခုထိ မျက်လုံးထဲက ထုတ်မရဘူး။

" ဟေ့ကောင် မင်းဘာဖြစ်နေတာလဲ " - Jeno

" ဘာလို့ ပြုံးနေတာလဲ " - Jaemin

" ခုနတည်းက ပြုံးနေတာနော် လုပ်ဦး ဂေါက်သွားတာလားမသိဘူး "
- Jeno

" အဲ့တာကြောင့် ငါပြောပါတယ် LeeDonghyuck ခေါင်းကို မခေါက်ကြပါနဲ့လို့ အစတည်းက ခေါင်းကသေးသေးလေးနဲ့ ခေါင်းထဲဘာမှမရှိပါဘူးဆို ခဏခဏ ခေါက်နေကြတော့ တကယ် ရူးသွားပြီလားမသိဘူး " - Renjun

" ရူးတာတော့ ဟုတ်တယ် ငါလေ သူ့ကြောင့် ရူးသွားပြီထင်တယ် "

RenNoMin - * အာ အာ အာ * ( ကျီးကန်းအော်သံ )

အရင်ကဆို သူ့ကို ရူးနေပြီပြောရင် ကတ်ကတ်လန်အောင် ရန်ပြန်တွေ့တဲ့ သူငယ်ချင်းက အခု ဒီလိုကြီး ပြောလာတော့ သုံးယောက်သားလည်း အတည်ကြီးတွေ ဖြစ်သွားရတယ်။

ဟုတ်တယ်လေ သူတို့သူငယ်ချင်းက ၀န်ခံလာမှတော့ သူတို့လည်း တစ်ဖက်တစ်လမ်းက ကူညီပြီး အရူးထောင်လေး ဘာလေး ပို့သင့်ရင် ပို့ပေးရမှာပဲ။ ဘာဖြစ်ဖြစ် သူငယ်ချင်းတွေပဲလေ သူတို့က .. ။

" ဘာဖြစ်တာလဲ Donghyuck ငါတို့ကို ရှင်းရှင်းပြော "

" ငါချစ်မိသွားပြီထင်တယ် "

" * ဖူးးးး * "

Donghyuck စကားကိုကြားပြီး NaJaemin က အမေရိကာနိုတွေ ထသီးတော့တယ်။

• p r e m i è r e • [ Complete ]Where stories live. Discover now