" တစ်ခါတည်း အရင် နှုတ်ဆက်လိုက်ကြ ဒီအပတ်ကစပြီး မင်းတို့အတန်းကို အသစ်ဝင်မယ့် Guide ပဲ LeeMinhyung တဲ့ Mark ဆိုလည်း ဟုတ်တယ် "
" Anyeong ကလေးတို့ Hyung က ဒီအပတ်ကစပြီး မင်းတို့အတန်းကိုဝင်မဲ့ LeeMinhyung ပါ အကူအညီတောင်းပါတယ်နော် "
" ဟုတ် မင်္ဂလာပါ Sam ! "
တစ်ညီတည်း နှုတ်ဆက်လိုက်ကြပေမယ့် Donghyuck တွေးနေမိတာ တစ်ခုတည်း ။ သေချာပေါက် ဆရာ Taeil က ဖူးစာရေးနတ်ပဲ ဖြစ်ရမယ်။ ဒါမှမဟုတ်လည်း ဖူးစာရေးနတ်က ဆရာ Taeil ယောင်ဆောင်ပြီး သူနဲ့ သူ့ဖူးစာရှင်ကို လာမိတ်ဆက်ပေးနေတာနေမှာ။
" Minhyung ရေ သူတို့လေးယောက်ကတော့ ငါတို့ကျောင်းရဲ့ ကျောင်းနောက်ကျဆုကို လစဉ်ဆွတ်ခူးနေတဲ့ လေးယောက်ပေါ့ကွာ "
" ခင်ဗျာ .. "
ဆရာ Taeil ရဲ့ ရယ်သံနှောပြီး ပြောလိုက်တဲ့ အသံကြောင့် လေးယောက်လုံး အော်တိုခေါင်းတွေငုံ့သွားရတယ်။
LeeDonghyuck ကတော့ အဆိုးဆုံးပေါ့။
သူ့မှာ သူ့ရဲ့ ဆိုးလ်မိတ်လေးရှေ့မှာ စစတွေ့ချင်း မကောင်းတာတွေ အဖော်ခံရလို့ တအားတွေ ရှက်နေတာ နားတွေတောင်နီလို့။
သူ့ရှေ့က လူသားကလည်း သဘောကျသလို ဆက်တိုက် ရယ်နေတော့တယ်။
သူများတွေကတော့ သူတို့သဘောကျနေတဲ့သူတွေရဲ့ ရယ်သံကို ဆည်းလည်းလေးဘာညာပြောပေမယ့် သူကတော့ အခုငြင်းလိုက်မယ်။
ဒီအစ်ကိုကြီး ရယ်တဲ့အသံက နည်းနည်းတော့ စူးတယ် ပိစိလေးပါ။
" ဒါပေမဲ့လည်း လေးယောက်လုံးက စာလုပ်ကြပါတယ် Donghyuck ဆို တအားဥာဏ်ကောင်းတာလေ ဥာဏ်စမ်းမေးခွန်းတွေဆို အမြဲ သူပဲအရင်ဖြေနိုင်တာ "
" .. Awnn အဲ့လိုကိုး "
" .. အာ အဲ့လောက်လည်း မဟုတ်ပါဘူး ဆရာကလည်း .. "
ခုနက မကောင်းတဲ့အကြောင်းပေါ်ကုန်လို့ ရှက်ရပေမယ့် အခုလည်း ချီးကျူးလို့ရှက်ရတာပါပဲ။ ဆရာ Taeil က သူ့ကို အဓိကထည့်ပြောတော့ ထိုလူသားရဲ့ အကြည့်က သူ့ဆီစွဲမြဲလို့။
ဒီလူကြီးကတော့ ရှက်ပါတယ်ဆို ဆက်တိုက် ကြည့်နေတော့တာပဲ အဟွန်း > // <
" ကဲ မင်းတို့လည်း မြန်မြန်သန့်ရှင်းရေးလုပ်ပြီး မုန့်သွားစားကြတော့လေ "
VOCÊ ESTÁ LENDO
• p r e m i è r e • [ Complete ]
ContoMarkHyuck short story. This fiction is written by both unicode & zawgyi. [ p r e m i è r e ]
[ 1 ]
Começar do início
![• p r e m i è r e • [ Complete ]](https://img.wattpad.com/cover/278636097-64-k328890.jpg)