LeeDonghyuck ရဲ့ Ageyo က အဲ့သလောက်ကို စွမ်းပါတယ်။









နေ့လည် မုန့်စားဆင်းချိန်ရောက်တော့ ဆရာ Doyoung ရဲ့ ရာဇသံကြောင့် လေးယောက်လုံး ရုံးခန်းကိုတန်းသွားရတယ်။
တကယ်တော့ ရုံးခန်းက ရှင်းနေပြီးသား သူတို့က ဟိုလှည်းဒီလှည်းလောက်လုပ်ရုံ ။

" အချောင်မခိုနဲ့ မြန်မြန်လှည်း မုန့်စားရဦးမှာကွ "

" Renjunnie ကလည်း ခဏလေး ထိုင်တာကို "

လေးယောက်လုံး ဟိုလှည်း ဒီလှည်းလုပ်နေရာကနေ အခန်းထဲကို စကားတပြောပြောနဲ့ ၀င်လာတဲ့ ဆရာ Taeil နဲ့ အမည်မသိ လူတစ်ယောက် ။

ဆရာ Taeil ဘေးက ထိုလူကို မြင်လိုက်တာနဲ့ Donghyuck မျက်လုံးတွေ Bling Bling ဖြစ်သွားရတယ်။
ပြောရမယ်ဆို ရုပ်ရှင်တွေထဲက မင်းသားတွေထွက်လာသလိုမျိုးပဲ သူ့မျက်လုံးထဲမှာတော့ ထိုလူရဲ့ဘေးနားမှာ ပန်းတွေပါပွင့်ပြီး ပန်းကျားပန်းကျား ဖြစ်နေတော့တာပဲ။

Donghyuck ဘယ်လောက်ထိ ငေးမိသွားလဲဆိုရင် သူ့လက်ထဲက တံမြတ်စည်းက Jeno ရဲ့ ခြေထောက်ပေါ်ပြုတ်ကျတာတောင် သူမသိဘူး။ ဘေးနားက LeeJeno က တ အား အား နဲ့ အော်နေတာကို သူကြားပေမယ့် သူ့မျက်လုံးတွေက ထိုလူ့ဆီက ခွာမရဘူး။ မြင်မြင်ချင်းအချစ်ဆိုတာ ဒါများလား။
မေမေရေ သားတော့ ချစ်မိသွားပြီ ထင်ပါရဲ့။

သူကြည့်နေရင်းနဲ့မှပဲ ထိုလူသားကလည်း သူ့ကို ပြန်ကြည့်လာတယ်။
မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ဆုံမိသွားတဲ့ အခိုက်အတန့်မှာ သူ့ရင်ဘတ်ထဲက နှလုံးသားက ခုန်လွန်းလို့ ပေါက်ထွက်လာတော့မလိုတောင် ခံစားနေရတယ်။

ပြီးတော့ ပြုံးပြလိုက်တဲ့အချိန် .. ။
သူကတော့ အဲ့ဒီနေရာမှာတင် မေ့လဲသွားမတတ်ပါပဲ။

သေချာပေါက်ကို ရုပ်ရှင်တွေထဲမှာ ကြားဖူးသလို ဒီလူသားက သူ့ကို ပြုစားဖို့ မွေးဖွားလာတာပဲ ဖြစ်ရမယ်။

" Donghyuck ! ဟေ့ကောင် Donghyuck ! "

" ဟမ် ! "

ခေါ်နေတဲ့ Renjun ကိုလှည့်ကြည့်ပြီး အရှေ့ကိုပြန်ကြည့်တော့ ဆရာ Taeil က ထိုလူနဲ့ သူတို့ကို မိတ်ဆတ်ပေးနေသည်။

• p r e m i è r e • [ Complete ]Tempat cerita menjadi hidup. Temukan sekarang