ဒါကို ဆရာ Doyoung က အားမရသလို ထပ်မေးပါသေးတယ်။

" အသံတွေက ဘာဖြစ်တာလဲ ငါပြောတာ ကြားလား လေးယောက်လုံး !! "

" ဟုတ် !!!! "

စကားနားထောင်စွာနဲ့ အကျယ်ကြီးတွေ အော်လိုက်ကြတော့
ဆရာက ကျေနပ်သွားပုံ ခေါင်းကို ငြိမ့်ပြသည်။

" ကဲ အတန်းကတော့ ဒီလောက်ပဲပေါ့နော် မင်းတို့လည်း သွားထိုင်ကြတော့ သွား "

အဲ့လိုနဲ့ ဆရာ Doyoung ထွက်သွားမှ သူတို့လည်း သက်ပြင်းချပြီး အတန်းထဲ သွားထိုင်ရတော့တယ်။

" ဆရာက အရမ်း စကားများတယ် မမောဘူးလားမသိဘူး ရေတောင်မသောက်ပဲပြောတာ "

" ပြောတဲ့ဆရာတော့မသိဘူး ငါတော့ နားတွေ အား ငါ့နားတွေ "

" အိုဗာမလုပ်နဲ့ LeeJeno အဲ့တာမင်းကြောင့် မင်းသာစောစောနိုးရင် ဒီလိုဖြစ်မှာမဟုတ်ဘူး "

" အမယ် LeeDonghyuck အခု အဲ့စကားကို ဘယ်သူကပြောရမှာလဲ နေနေတာအကောင်း မင်းထအော်လို့ ဆရာကြားသွားတာလေ "

" ဘာကွ .. မင်း က ငါ ဒီ ! "

" တော်ပြီ တော်ကြတော့ ! "

Jaemin က နှစ်ယောက်ကြားဝင်ထိန်းမှ ငြိမ်သွားကြတော့သည်။
ဟုတ်တာလည်းမဟုတ် ကလေးတွေလိုပဲ ဘာမဟုတ်တာလေးနဲ့ အမြဲရန်ဖြစ်နေကြတာ။

" Hyunjinnie ငါတို့ကို စာအုပ်လေးငှားနော် ဟီးဟီး "

အတန်းနောက်ကျတာမို့ Donghyuck က အရှေ့ဆုံးတန်းက အတန်းခေါင်းဆောင် Hyunjin ကို မျက်နှာချိုသွေးပြတယ်။
တကယ်တော့ မနက်ပိုင်း အတန်းကစာတွေကို အမြဲပြန်ကူးရတာပဲ။
နောက်ကျလို့လေ :"(

" ဆရာ Doyoung ဘာမှမသင်သွားပါဘူး မင်းတို့ကို ဆူနေတာနဲ့ အချိန်က ကုန်သွားရော "

" ဟုတ်ပါ့ ကူးစရာမလိုတော့ဘူး ဒါဆို ! "

" Jaemin ဘာစားနေတာလဲ နည်းနည်းကျွေး "

" ဟေ့ကောင် ငါအဲ့တာစားမှာကွ "

" Jaeminnie ကလည်း နည်းနည်းလေးပဲလေ နော် နော် ~ "

ထုံးစံအတိုင်း Donghyuck က Ageyo တွေလုပ်ပြပြီး အသံသေးသေးလေးနဲ့ ချွဲပြတော့တယ်။
သူ့ပုံစံကို Jaemin က မကြွေရင်တောင် သူ့အသံကို ဆက်ပြီးနားမထောင်နိုင်ဘူးဆိုပြီး လိုက်လျောလာမှာသေချာ။

• p r e m i è r e • [ Complete ]Tempat cerita menjadi hidup. Temukan sekarang