Chapter 13

3.3K 559 7
                                    

Unicode

ကျိုးကျီဟန်ဟာ အရာအားလုံးကိုပြင်ဆင်ဖို့ ၃လတိတိ အချိန်ကုန်ခဲ့ရတယ်။

သူက ရှန်းဝမ်ဟောင်ရဲ့ တိုက်ခန်းနဲ့နီးတဲ့နေရာမှာ အိမ်တစ်လုံးလည်း ငှားနေခဲ့တယ်။

သူဟာ ရှန်းဝမ်ဟောင်ရဲ့အချိန်ဇယားကိုပါစုံစမ်းရရှိခဲ့ပြီးတော့ ရှန်းဝမ်ဟောင်ရဲ့တိုက်ခန်းအဆောက်အဦးက ဓါတ်လှေကားမန်နေဂျာကိုလည်း လာဘ်ထိုးထားခဲ့သေးတယ်။

သူက ဆင်တူတဲ့ကတ်ထူပုံးနဲ့ အမဲရောင်ပလက်စတစ်အိတ်ကိုလည်း လိုက်ရှာပြီးရရှိခဲ့တယ်။

အဲ့ဒီအချိန်အတော်တွင်းမှာပဲ ရှန်းဝမ်ဟောင်ဟာ ပြိုလဲရာကနေ ပြန်ထူထောင်လာနိုင်ပြီဖြစ်ပြီးတော့ အလုပ်ပါပြောင်းကာ ဘဝသစ်ကို စတင်နေခဲ့တယ်။

ကျိုးကျီဟန်က ရှန်းဝမ်ဟောင်တစ်ယောက် ကျိုးကျီမော့ကိုမသတ်ရသေးခင်ကအသံသွင်းတိပ်ခွေကို တစ်လလောက်ထပ်ခါတလဲလဲ ပြန်နားထောင်ရင်း သူ့အစ်ကိုရဲ့ လက်ထပ်ခွင့်တောင်းတဲ့စကားက ရှန်းဝမ်ဟောင်အတွက် အကြီးမားဆုံး ထိတ်လန့်တုန်လှုပ်မှုဖြစ်လောက်မယ့်အကြောင်းကို တွေးမိသွားတယ်။

"လက်ထပ်မယ်..."

သူတွေးလိုက်တယ်။

"တော်တော်ကောင်းတဲ့အစီအစဥ်ပဲ"

လဝက်လောက်ထိ သူဟာ ညသန်းခေါင်ဆို ဓါတ်လှေကားထဲမှာ ကတ်ထူပုံးကိုထားပြီး မနက်ဆိုပြန်ယူတဲ့အလုပ်ကို နေ့တိုင်းလုပ်တယ်။

ကတ်ထူပုံးက အလွတ်ကြီးပါပဲ။ အထဲမှာလည်ူ အမဲရောင်ပလက်စတစ်အိတ်ကလွဲလို့ ဘာမှရှိတာမဟုတ်ဘူး။

အဲ့ဒီနောက်မှာ သူဟာ ရှန်းဝမ်ဟောင်ရဲ့ ညသန်းခေါင်ပရိုဂရမ်မှာ ဖုန်းခေါ်ပြီးတော့ စစ်ဆင်ရေးကို တရားဝင်စတင်ပြီဖြစ်ကြောင်း ကြေငြာခဲ့တယ်။

ရှန်းဝမ်ဟောင်တစ်ယောက် ဖုန်းကောလ်ကိုရရှိတာ ၃ရက်ပြည့်ပြီးတဲ့နောက်မှာတော့ သူ့အစီအစဥ်ကို စတင်ခဲ့တယ်။

ကျိုးကျီဟန်ဟာ မိတ်ကပ်ကို ဂရုတစိုက်လိမ်းခြယ်ကာ သူ့ရဲ့အင်္ကျီလက်မှာ လက်အတုတစ်ခုကို ဖွက်ထားလိုက်တယ်။

ဓါတ်လှေကား(ဘာသာပြန်)(Completed)Where stories live. Discover now