Chapter 9

2.7K 522 5
                                    

Unicode

ရှန်းဝမ်ဟောင်တစ်ယောက် ကတ်ထူပုံးကို တိုက်ခန်းထဲ ရွေ့ပြီးသွားတဲ့အခါ သူတံခါးကိုမှီရင်း အသက်ပြင်းပြင်းရှုနေမိတယ်။

အလောင်းက အပိုင်းပိုင်းဖြတ်တောက်ပြီးသားဆိုပေမယ့်လည်း အရွယ်ရောက်တဲ့လူတစ်ယောက်ရဲ့အလေးချိန်အတိုင်း ရှိနေဆဲပဲ။ အတော်ကြီးကို လေးလှတယ်။

တကယ်တမ်းဆိုရင်တော့ အရင်ကရှန်းဝမ်ဟောင်ရဲ့ ခွန်အားအရ ကျိုးကျီမော့နှစ်ယောက်စာကိုချီရမယ်ဆိုရင်တောင် အေးဆေးလေးပဲ။

ဒါပေမယ့်လည်း ထပ်ခါတလဲလဲဖြစ်ပေါ်နေတဲ့အကြောက်တရားတွေက သူ့ရဲ့စိတ်ဝိညာဥ်သာမက ခွန်အားတွေကိုပါ ဖျက်စီးပစ်ခဲ့တယ်။

ချွေးတွေအလွန်အမင်းစီးကျရင်းနဲ့ သူဟာ ကြမ်းပေါ်က ကတ်ထူပုံးကို ကြောင်တောင်တောင်စိုက်ကြည့်နေမိတယ်။

ဒါက သူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်လုနီးပါးပဲ။

သူဆုံးဖြတ်လိုက်တယ်။ နောက် သုံးလေးနာရီအတွင်း အာရုဏ်တက်တဲ့အခါ သူ ဒီကတ်ထူပုံးကို မြို့စွန်ကိုယူသွားပြီး မီးရှို့ပစ်တော့မယ်။

ဒါပေမယ့် အဲ့လိုမလုပ်ခင် သူ ပုံးကိုဖွင့်ပြီး ကျိုးကျီမော့ရဲ့အလောင်းကို အတည်ပြုချင်မိသေးတယ်။

ရှန်းဝမ်ဟောင်က ကတ်ထူပုံးဘေးမှာ ခြေချိတ်ထိုင်လိုက်တယ်။ သူ့ခန္ဓာကိုယ်ကတော့ ချွေးအေးတွေနဲ့ ရွှဲရွှဲစိုနေတယ်။

ကတ်ထူပုံးက တင်းတင်းကြပ်ကြပ် ပိတ်မထားလေဘူး။

ဟနေတဲ့ကြားလေးထဲကနေ ကြည့်ရသလောက်တော့ အထဲမှာမှောင်မဲနေတယ်။ဒါပေမယ့်လည်း အမဲရောင်ပလက်စတစ်အိတ်ကနေ အစိမ်းရောင်အလင်းတစ်ခုက ရောင်ပြန်ဟပ်နေတာကိုတော့ ဖျော့တော့စွာ တွေ့မြင်နိုင်လေတယ်။

"ဂလု"

ရှန်းဝမ်ဟောင် တံတွေးမြိုချလိုက်တယ်။

ကတ်ထူပုံးအတွင်းက ဘယ်လိုပုံစံဖြစ်နေမလဲဆိုတာ သူမြင်ယောင်ကြည့်မိတယ်။

ပုတ်နေတဲ့အသားတွေရဲ့နံဟောင်နေတဲ့အနံ့တွေ ထွက်နေမယ့် အပိုင်းပိုင်းဖြတ်တောက်ခံထားရတဲ့မျက်နှာ၊သွေးသံရဲရဲနဲ့ အရေပြားအောက်က တစ်ရှုးစတွေ၊ခြောက်ခြားစရာအရိုးဖြူဖြူတွေ.....

ဓါတ်လှေကား(ဘာသာပြန်)(Completed)Where stories live. Discover now