Chapter 7

2.6K 543 7
                                    

Unicode

ကျိုးကျီမော့က ရှန်းဝမ်ဟောင်ကို ကျောပေးပြီးတော့ သူ့အိတ်ထဲက တစ်စုံတစ်ရာကို လှန်လှောရှာဖွေနေတယ်။

သူ့ကျောပြင်က အလွန်သွယ်လျတယ်။ နက်မှောင်တဲ့ဆံနွယ်တွေကလည်း ရေတံခွန်အလားပဲ။သူ့ရဲ့အဖြူရောင်ညအိပ်ဝတ်စုံကိုခေါက်ထားတဲ့နေရာကနေ ကျောက်စိမ်းလိုလှပတဲ့ခြေအစုံက ပေါ်လွင်နေတယ်။ အဲ့ဒီခြေအစုံက လုံးဝကိုဖြောင့်စင်းပြီး ရမ္မက်နိုးကြွဖွယ်ရာကောင်းလှတယ်။

လက်တွေကတော့ ကြက်သွန်မြိတ်အလား ပိန်ပါးလှတယ်။ အဲ့ဒီလက်တွေက ခုချိန်မှာတော့ အိတ်ထဲကနေ ကြီးမားမဲနက်ကာ အမျိုးအမည်မသိရတဲ့အရာဝတ္ထုကို ဆုပ်ကိုင်ပြီး ဖြည်းဖြည်းချင်းစီ ဆွဲထုတ်ဖို့ကြိုးစားနေတယ်။

ရှန်းဝမ်ဟောင်ဟာ အိပ်ရာဘေးက ပန်းအိုးကိုဆွဲပြီး သူ့အနားကို ခြေသံလုံလုံလျောက်သွားလိုက်တယ်။

သူ့နှလုံးက ဒရမ်တစ်ခုကိုတီးနေတဲ့အလား တစ်ဒုန်းဒုန်းမြည်ဟီးနေပြီးတော့ လက်တွေကလည်း ချွေးအေးတွေနဲ့ ချောကျိကျိဖြစ်လာတယ်။

ကျိုးကျီမော့က ပျော်ရွှင်စွာဆိုတယ်။

"ဟောင်...ခုနေ့ အသစ်အဆန်းလေး လုပ်ကြည့်ရအောင်"

သူ့အသံကကြည်လင်ပြီး သြရှကာ နူးညံ့ပြီးတော့ အလွန်ဆွဲဆောင်မှုရှိတယ်။ သို့သော်လည်း အဲ့ဒီအသံထဲမှာ ခြောက်ခြားဖွယ်ရာပုံပေါက်နေတဲ့ အနည်းငယ်ရူးနှမ်းမှုတစ်ခု ပါဝင်နေတယ်။

ရှန်းဝမ်ဟောင် အသက်ပြင်းပြင်းရှုရင်း လက်ထဲက ပန်းအိုးကိုဆုပ်ကိုင်မြှောက်ကာ ကျိုးကျီမော့ရဲ့ခေါင်းအနောက်ဘက်ကနေ ရိုက်ချပစ်လိုက်တယ်။

သူဟာ အလောင်းကို အပိုင်းပိုင်းဖြစ်အောင်ဖြတ်တောက်ဖို့ လေးနာရီလောက်အချိန်ယူလိုက်ရတယ်။ ပြီးတာနဲ့ အဲ့ဒါတွေကို အမဲရောင်ပလက်စတစ်အိတ်ထဲ ထည့်လိုက်တယ်။

အခင်းဖြစ်ရာနေရာကို ရှင်းလင်းဖို့ နောက်၃နာရီလောက် အချိန်ယူလိုက်ရပြန်တယ်။

သူဟာ ရေချိုးခန်းထဲမှာ ကြောင်အမ်းစွာနဲ့ ရပ်နေကာ ခဏကြာအောင် တွေဝေမိန်းမောနေတယ်။

ဓါတ်လှေကား(ဘာသာပြန်)(Completed)Where stories live. Discover now