Part 4 (Unicode)

632 142 8
                                    

၃၃.

အချစ်က အဲ့ဒီအချိန်မှာ ဘာမဆိုဖြစ်နိုင်သည်။ အချိန်တိုင်းက အငွေ့လေးလိုမျိုးကိုမှ မီးပန်းတွေ ထပေါက်သွားတာမျိုး...

"ရှည်ကြာတဲ့ ချစ်ခြင်းရဲ့ လျို့ဝှက်ချက်တစ်ခုက အမြဲသစ်လွင်အောင်ထားတာပဲ" ရုန်ချန်းရှန်ကပြောသည်။

ကျွန်တော်ပြောကိုပြောရမယ်။ သူက လုပ်ခဲ့ကြောင်း။

ကျွန်‌တော့်ရဲ့ ဘဝနောက်ဆုံးနေ့မတိုင်ခင်အထိ သူက ကျွန်‌တော့်ကို အံ့သြအောင်လုပ်နိုင်တုန်းပဲ။

သူက ကျွန်‌တော့်ဘဝမှာ ကခုန်နေတဲ့ မီးတောက်တစ်ပွင့်...

၃၄.

ကျွန်တော် အနီရောင် ခလုတ်ကိုနှိပ်လိုက်တော့ သဲနာရီက နောက်ဆုံးအချိန်ကို ပြန်ပို့ခဲ့သည်။

၃၅.

"ပရော်ဖက်ဆာရုန်... ဒီမှာ"

ကျွန်တော်က ဓာတ်ခွဲခန်းရဲ့ အပြင်မှာ ရပ်ထားပြီး ရုန်ချန်းရှန်ကို သေချာကြည့်နေမိသည်။ သူက မငယ်တော့ဘူး။ သူ့အသက်က ငါးဆယ်ကျော်ပြီ။ သူ့မျက်ဝန်းထောင့်တွေမှာ ခပ်တွန့်တွန့်အရေပြားတွေများနေပြီ။

သူက စမ်းသပ်ဖန်ပြွန်ကိုကောက်ယူပြီး ခေါင်းညိတ်ပြသည်။ "ကျေးဇူး" သူက ကျွန်‌တော့်ကို တစ်ချက်ကြည့်ပြီး ငေးသွားသည်။ "ယင်းဝမ်?"

"အခု ဘယ်နှစ်နှစ်လဲ" ကျွန်တော်မေးလိုက်၏။

"၅၉" သူပြန်ဖြေသည်။

"မထင်ရဘူးနော်" ကျွန်တော်ကပြောသည်။ "မင်းက ခန့်ညားနေတုန်းပဲ"

"တကယ်လား" သူကရယ်သည်။ "မင်း ငါ့ကို လာမတွေ့တာတောင် ကြာပြီ။"

"မင်းရဲ့ ချိုမြိန်တဲ့အချိန်တွေကို ငါ့ရဲ့ လူငယ်ဘဝနဲ့ မကုန်ဆုံးစေချင်ရုံပါ" ကျွန်တော်က ပုခုံးတစ်ချက်တွန့်လိုက်ပြီး ဖြတ်လျှောက်လာသည်။ "ငါဒီကို တစ်ခုခုပေးချင်လို့လာတာ" ကျွန်တော်လက်ဖွင့်ပြလိုက်တော့ သဲနာရီက ကျွန်‌တော့်လက်ထဲမှ လဲလျောင်းနေသည်။ သဲကတော့ တစ်ပွင့်မှမကျန်တော့ဘူး။

သူက သဲနာရီကိုကောက်ကိုင်ရင်းမေးလာ၏။ "ဘာလဲ ဒါက"

"ငါမင်းကို လာတွေ့လို့ရအောင် မင်းပို့ပေးလိုက်တဲ့ တစ်ခုခုပေါ့" ကျွန်တော်ပြောသည်။ "မင်းက ငါ့ထက် အရင်ထွက်သွားရမှာ"

စကြာဝဠာ အနားသတ်များအား ဖြတ်ကျော်၍..... (Completed)Where stories live. Discover now