Part 3 (Zawgyi)

100 33 1
                                    

၂၁.

ယွီယင်းဝမ်ကို တွေ့ပြီးနောက်မှာ ရုန်ချန်းရှန်ရဲ့ မှတ်ဉာဏ်တွေက အရှေ့ကို ခပ်မြန်မြန်သွားသည်။ ဘတ်စ်ကားပေါ်မှာ သူလွန်ခဲ့တဲ့ တစ်စက္ကန့်ကမှရှိသေးသည်ဆိုတာကို သူမှတ်မိသေးပေမယ့် အခုချက်ချင်းဒီနား‌ရောက်လာပြီ။ ကြီးမားလှတဲ့ မှတ်ဉာဏ်လှိုင်းလုံးတွေက သူ့ဦးနှောက်ကို ရိုက်ခက်လာသည်။ ဒီသတင်းအချက်အလက်တွေကို သူ့မှာ မနည်းလိုက်မှတ်နေရသည်။ မနေ့ကမှ သူ့ စာတမ်းပြီးဆုံးပြီး ဘွဲ့ရလာတာ။ အခုသူက အထက်တန်းနှစ်တွေက စိတ်မပါဘဲ စဒိတ်ခဲ့တဲ့ ကောင်မလေးနဲ့ ဈေးဝယ်ထွက်မလို့တဲ့။ သူအတိတ်ကို ပြန်တွေးကြည့်ရတာက စာအုပ်တစ်အုပ်ကို ဖွင့်ဖက်ရနေသလိုပဲ။ သူက သေချာပေါက်ကို မလုပ်ဖူးပေမယ့် စိတ်ထဲမှာတော့ ထင်ထင်ရှားရှားကို ပုံနှိပ်ထားသည်။

သူ့ကို ဘတ်စ်ကားပေါ်မှာ ငွေနှစ်ပြားကူညီဖူးတဲ့ကောင်လေးကို ကြည့်လိုက်သည်။ သူက ယွီယင်းဝမ်ကို ကောင်လေးလို့ ခေါ်မိတာမထူးဆန်းတော့ပါဘူး။ သူက အရပ်ရှည်ပြီး၊ အသားပိုဖြူကာ ဗာဒံစေ့ရောင် မျက်ဝန်းညိုတွေနဲ့ ဖြူစင်ပုံပေါ်သည်။

သူက အကုန်လုံးကို တိုက်ဆိုင်တာလို့သတ်မှတ်မိပေမယ့် နှလုံးသားထဲမှာတော့ သံသယရှိနေသည်။ ဘာတွေဖြစ်နေတာလဲ။ သူက ငွေနှစ်ပြားအကြွေးတင်သည်။ ပြီးရင် ကောင်လေးကို ထမင်းတစ်နပ်ဝယ်ကျွေးမယ်ပြောခဲ့သည်။ ဒီစကားပြောတာတွေပြီးတော့ ရုန်ချန်းရှန်ရဲ့ နှလုံးသားထဲက သံသယတွေက နည်းလာရမယ့်အစား မေးခွန်းတွေသာ ပိုများလာသည်။

မတူညီတဲ့ ကမ္ဘာနှစ်ခုက လူနှစ်ယောက်က ချစ်မိသွားနိုင်လား?

သူက ဒီကမ္ဘာကမဟုတ်ဘူးလား?

တူညီတဲ့ ကြိမ်နှုန်းတွေက ဖောက်လမ်းတစ်ခုကို ဆက်သွယ်ပေးသည်တဲ့လား?

သဲနာရီလေးကရော ဘာလဲ?

ရုန်ချန်းရှန်က ယွီယင်းဝမ်ထွက်သွားတဲ့ပုံရိပ်ကို ကြည့်ရင်း နောက်ကနေ လိုက်ဖို့ကြိုးစားသည်။ "စောင့်ဦး"

ထောင့်တစ်ခုကို ချိုးချသွားပြီးတဲ့နောက် ယွီယင်းဝမ်က ပျောက်သွားပြီ။

စကြာဝဠာ အနားသတ်များအား ဖြတ်ကျော်၍..... (Completed)Where stories live. Discover now